နိုင်ငံ၏လျှပ်စစ်လိုအပ်ချက်၅၀ရာခိုင်နှုန်းကိုပင်မဖြည့်ဆည်းနိုင်သေးလို့စစ်ကောင်စီဆို 

ဩဂုတ်နေပြည်တော် 

မြန်မာနိုင်ငံတစ်ဝှမ်း လျှပ်စစ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုပင် မဖြည့်ဆည်းနိုင်သေးဘူးလို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးတွေနဲ့ အစည်းအဝေးပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

နိုင်ငံတော်ရဲ့ လျှပ်စစ်လိုအပ်ချက်တွေကို  ဖြည့်ဆည်းပေးနိုင်ဖို့ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပေမယ့် အကြောင်းမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရတာဖြစ်ပြီး ၎င်းစီမံကိန်းများကို အကောက်ထည်ဖော်ဆောင်ရွက်နိုင်ရင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်တင်းနိုင်မယ်လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့ ၁၀ နှစ်က  အရပ်သားအစိုးရ သမ္မတ ဦးသိန်းစိန်လက်ထပ်မှာ   အကြီးမားဆုံးသော လျှပ်စစ်စီမံကိန်းဖြစ်တဲ့   ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံစီမံကိန်းကို သဘာဝဘေးအန္တရာယ်အပါဝင် ဆိုးကျိုးများစွာရှိလာနိုင်လို့ ကန့်ကွက်ဆန္ဒပြမှုတွေကြောင့်  ရပ်တန့်ခဲ့ပါတယ်။ 

ယခုစစ်ကောင်စီလက်ထက်မှာ နိုင်ငံတော်ရဲ့ လျှပ်စစ်လိုအပ်ချက်တွေအရ   ပြည်သူများကန့်ကွက်မှုများနေတဲ့  ၎င်းစီမံကိန်းကြီးတွေကို ပြန်လည်အသက်သွင်းနိုင်ဖို့ ကြိုးစားလာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ်ကုန်ပိုင်း တွင် နိုင်ငံတော်ဓာတ်အားပေးစနစ်နဲ့  ဖြန့်ဖြူးပေးပြီး  လက်ရှိမှာ  လျှပ်စစ်ဓားအားသုံးစွဲမှု   ၅၄ ဒသမ ၁၅ ရာခိုင်နှုန်းရှိနေတယ်လို့  ပြောဆိုထားပါတယ်။ 

လာမယ့်  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ   တစ်နိုင်ငံလုံး  ဓာတ်အားသုံးစွဲမှုရဲ့  ၇၅ ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အားရဖို့မျှော်မှန်းထားတယ်လို့  ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာ လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *