အောက်တိုဘာ ၂၃ ၊ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ နောင့်ပါ့ခါးရပ်တွင် ယနေ့အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဆိုင်ကယ်ဝပ်လျော့ဆရာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။
“ ဆိုင်ကယ်ဝပ်လျော့ဆရာ ၊ နောင်ပါးခါးမှာ သေနတ်နဲ့ ဝင်ပစ်သတ်သွားတာ (၃)ချက်၊ ဒလံဆိုပြီး ပစ်တာတော့ ဘယ်သူလည်းမသိဘူး ပစ္စတိုနဲ့ပစ်တာ “ ဟု နောင်ပိုအောင် ကျေးရွာသားတစ်ဦးကပြောသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူသည် နောင်ပိုအောင် မျိုးကြီးဆိုင်ကယ်ဝပ်လျော့မှ ကိုမျိုးကြီးဖြစ်ပြီး ဆိုင်ထဲ ဝင်ရောက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က ဖြစ်ကြောင်း ထုတ်ဖော်ပြောခြင်းမရှိသေးပေ။
စက်တင်ဘာလ (၂၈)ရက်နေ့က နောင်ပိုအောင်ကျေးရွာသား (၄) ဦးကို PDF ဟုဆိုကာ စစ်ကောင်စီတပ်များက ဖမ်းဆီးထားခဲ့ပြီး အောက်တိုဘာလ (၁)ရက်နေ့ကလည်း ရှမ်းနီလူငယ်အဆိုတော်နှင့် အတူ (၂)ဦးဖမ်းဆီးခံခဲ့ရသည်။