နှစ်နှစ်ကျော်ကာလအတွင်းစစ်ကိုင်းနှင့်ကချင်မှာအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်အရပ်သား၄၀၀နီးပါးရှိ

အောက်တိုဘာ ၁၆၊ စစ်ကိုင်း

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ နှစ်နှစ်ကျော်ကာလအတွင်း  စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် တို့မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ အရပ်သား  ၄၀၀ နီးပါးထိ ရှိတယ်လို့ မြန်မာ့မဟာဗျူဟာလေ့လာရေးအင်စတီကျူ့   ISP Myanmar ရဲ့မှတ်တမ်းများအရ သိရပါတယ်။ 

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ISP Myanmar က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု စာရင်းတွေကို ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပြီး  ကချင်ပြည်နယ်မှာ  အရပ်သား (၆၀) ကျော် စစ်ကိုင်းတိုင်းဒေသကြီးမှာ အရပ်သား (၃၀၀)ကျော် သတ်ဖြတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုထဲမှ  လေကြောင်းမှ တိုက်ခိုက်မှုဟာ အရပ်သားသေဆုံးမှုအများဆုံးဖြစ်ပြီး  စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာဖြစ်စဉ်မှာ အရပ်သား ၁၆၅ ဦးအထိ သေဆုံးထားတာလည်းဖြစ်ပါတယ်။ 

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာမှာ  စုစုပေါင်း(၅၀၂)ဦးထက်မနည်း ရှိခဲ့တယ်လို့  ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး  သေဆုံးမှုထက်ဝက်ကျော်က  စစ်ကိုင်းတိုင်းဒေသကြီးကဖြစ်ပါတယ်။ 

ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း  အရပ်သားအနည်းဆုံး (၁၀)ဦးနှင့်အထက် အစုလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ 

သတ်ဖြတ်ခံရမှုတွင် လေကြောင်းဖြင့်တိုက်ခိုက်ခံရမှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ မီးရိူ့သတ်ဖြတ်ခံရမှု နှင့် ကျေးရွာဒေသအတွင်း ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုများ ရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *