ပိုလန်လေပိုင်နက်ကို ကာကွယ်ဖို့ ရာဖေးလ်တိုက်လေယာဉ်သုံးစင်း ဖြန့်ကျက်ထား

စက်တင်ဘာ ၁၂ ၊ ပြင်သစ် 

ရုရှားက သူတို့ရဲ့ လေပိုင်နက်ထဲကို ဒရုန်းတွေနဲ့စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပိုလန်က စွပ်စွဲပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန်(Emmanuel Macron) က ပိုလန်လေပိုင်နက်ကို ကာကွယ်ဖို့အတွက်  တိုက်လေယာဉ်သုံးစင်းကို ဖြန့်ကျက်ချထားမည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။ 

ပိုလန်နိုင်ငံထဲကို ရုရှားဒရုန်းတွေ ကျုးကျော်ဝင်ရောက်ပြီးနောက် ပိုလန်လေပိုင်နက်နဲ့ ဥရောပရဲ့အရှေ့ဘက်ခြမ်းကို ကာကွယ်ဖို့အတွက် Rafale တိုက်လေယာဉ်သုံးစင်းကို ဖြန့်ကျက်ချထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု Macron က X တွင် ပြောကြားခဲ့ပါတယ်။ 

မနေ့က ပိုလန်ဝန်ကြီးချုပ်ကို ဒီကတိကဝတ်ပြုခဲ့တယ်” လို့ Macron က ပြောပါတယ်။ 

ဥရောပအရှေ့ခြမ်းကို ကာကွယ်ရာမှာ ပါဝင်နေတဲ့ နေတိုးအတွင်းရေးမှူးချုပ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့လည်း ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်လို့ သူကပြောပါတယ်။ 

ယူကရိန်းအပေါ် ရုရှားရဲ့စစ်ပွဲကိုအဆုံးသတ်ဖို့  နိုင်ငံတကာကသံတမန်ရေးရာ ကြိုးပမ်းမှုတွေမှာဦးဆောင်နေတဲ့ မက်ခရွန်က ရုရှားရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေတာကို လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အခြားအသေးစိတ်အချက်အလက်များကို ချက်ချင်းမဖော်ပြခဲ့ပါဘူး။

ယခုသီတင်းပတ်အစောပိုင်းမှာ ရုရှားမောင်းသူမဲ့လေယာဉ်များ ပိုလန်လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့မှုကို  NATO မဟာမိတ်များ အရေးပေါ်ဆွေးနွေးပွဲအတွက် ပိုလန်ကို ခေါ်ယူခဲ့ပါတယ်။ 

Ref: France Inter

Leave a Reply

Your email address will not be published. Required fields are marked *