ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန် 

ဧပြီ ၂၁ ၊ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း ဗာတီဂန်နန်းတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

“ ဒီနေ့မှာ စိတ်မကောင်းစွာသတင်းတစ်ခု ကြေညာဖို့ရှိပါတယ်။ ဖခင်ကြီးဖရစ်စစ် ကွယ်လွန်သွားပါပြီ” လို့ ဗာတီကန် TV ကနေ ကြေညာခဲ့ပါတယ်။ 

သူဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးသူဖြစ်သလို မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေချုပ်ငြိမ်းအောင် ဆုတောင်းပေးတာ ၊ မေတ္တာရပ်ခံတာတွေကို ပြုလုပ်ပေးသူတစ်ဦးလည်းဖြစ်ပါတယ်။ 

အာဂျင်တီးနားနိုင်ငံ ၊​ဗျူနိုအေးရိစ်မြို့မှာ  ၁၉၃၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ ကက်သလစ်ဘုန်းတော်ကြီးဖြစ်လာခဲ့ပါတယ်။ 

ပုပ်ရဟန်းမင်းကြီးအဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ရွေးချယ်ခြင်းခံရပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *