ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမရှိစေရေးအတွက်အာဆီယံအထူးကိုယ်စားလှယ်ကို တရုတ်နိုင်ငံရေးဝန်ကြီးဆို

 ဇွန် ၄ ၊ ရန်ကုန် 

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကြပ်အတည်းတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံက အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့အခါမှာ  အာဆီယံရဲ့ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမရှိစေရေးမူကို မျှော်လင့်တယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။ 

ဒီနေ့ ဇူလိုင်လ  ၄ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အာဆီယံအထူးကိုယ်စားလှယ် မစ္စာ ပရက်ဆောခွန်းတို့ တွေ့ဆုံခဲ့ကြတယ်လို့ တရုတ်သံရုံးဘက်က ဒီနေ့ ဇူလိုင် (၄) ရက်နေ့ ထုတ်ပြန်ပါတယ်။ 

ဒီလိုတွေ့ဆုံမှုမှာ တရုတ်နိုင်ငံက အချက် (၃) ချက်ကို အထူးကိုယ်စားလှယ်ထံမျှော်လင့်တယ်လို့ဆိုပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြန်လည်သင့်မြတ်မှုတွေကို တရုတ်နဲ့ အာဆီယံတွန်းအားပေးဖို့ ဒီမိုကရေစီအသွင်းကူပြေငာ်းရေးလုပ်ငန်းစဉ်တွေကို ပြန်လည်စတင်ပြီး ပြည်သူတွေဆီ အာဏာပြန်အပ်နှင်းရေး အကောင်အထည်ဖို့နိုင်ဖို့ အတူလက်တွဲပြီး တွန်းအားပေးဖို့အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လို့ဆိုပါတယ်။ 

တတိယအချက်ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို စိတ်ရှည်လက်ရှည် ညှိနှိုင်ပြီး အပြုသဘောဆောင် အကောင်အဖော်ဖို့လည်း ဆိုပါတယ်။ 

သူတို့နှစ်ဦးက ပုဂံမြို့မှာ မြန်မာအိမ်ရှင်အဖြစ်ကျင်းပနေတဲ့ မဲခေါင်-လန်းချန်း နိုင်ငံခြားဝန်ကြီးများအစည်းအဝေးပွဲပြင်ပ တွေ့ဆုံဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *