ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဖျက်သိမ်းမည် 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP က  ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ကိုင်ဖို့ ဆန္ဒမရှိတော့တာကြောင့် ပါတီကို ဖျက်သိမ်းတော့မယ်လို့ ပါတီဥက္ကဌ သူရဲ့ ဦးရွှေမန်းက အောက်တိုဘာ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

ဖျက်သိမ်းရခြင်း အကြောင်းအရာတချို့က ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့ကြတဲ့ ခေါင်းဆောင်တွေက အသက်အရွယ်ကြီးလာပြီး ကျန်းမာရေးချို့တဲ့နေသူများရှိနေသလို  လူမှုရေး နဲ့ တခြားအခက်အခဲတွေကြောင့်လိုဆိုပါတယ်။ 

ပါတီဖျက်သိမ်းရေးကို ပါတီဗဟိုအလုပ်အမှုဆောင်တွေရဲ့ သဘောတူဆုံးဖြတ်ချက်ထားတယ်လို့ သူရဦးရွှေမန်းက သူ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။ 

အောက်တိုဘာ ၁၁ ရက််နေ့ကစပြီး ပါတီဖျက်သိမ်းခြင်းအတည်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို တင်ပြထားပြီလို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။

၂၀၁၉ ခုနှစ်မှာ ဧပြီလ စတင်တည်ထောင်ခဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ပါတီဝင်အင်အား ငါးသိန်းအထက်ရှိပြီး  ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်မရရှိခဲ့ပါဘူး။ 

သူရဦးရွှေမန်းက UBP မတည်ထောင်ခင်က ကြံ့ခိုင်ရေးဥက္ကဌ ဖြစ်ခဲ့သလို ၂၀၁၀-၂၀၁၅ လွှတ်တော်သက်တမ်းမှာလည်း လွှတ်တော်ဥက္ကဌ ဖြစ်ခဲ့တာပါ။ 

Leave a Reply

Your email address will not be published. Required fields are marked *