ဖေဖော်ဝါရီ ၂ ၊ ဖားကန့်
ဖားကန့်မြို့မှာ လူသိများတဲ့ မော်ဝမ်းရပ်ကွက်ရှိ ရွှေရောင်လင်း စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးကို သူ့ရဲ့အမျိုးသားဖြစ်သူက ဖေဖော်ရီလ ၁ ရက်နေ့ည ၁၀ နာရီခွဲဝန်းကျင်မှာ ဓားနဲ့ ခုတ်သတ်ခဲ့တယ်လို့ မော်ဝမ်းရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။
“ ခုတ်တဲ့ဆိုင်ရှင်အမျိုးသားကမူးယစ်ဆေးဆွဲနေတာကြာပြီကော အခုကသူ့မိန်းမမှာပိုက်ဆံတောင်းတာနဲ့မပေးတော့စကားတွေအချေတင်ပြီးသတ်လိုက်တာပွဲချင်းပြီးတဲ့လေ လည်ပင်းနဲ့ခေါင်းတွေကိုဖဲခုတ်သတ်ထားတာ၊ အခြားလူမှုရေးကိစ္စတွေနဲ့လ လင်မယားနှစ်ယောက်အမြဲရန်ဖြစ်စကားများတာတွေလဲရှ်ိတယ်” လို့ မော်ဝမ်းရပ်ကွက်နေသူ တစ်ဦးက ပြောပြပါတယ်။
သတ်ဖြတ်ခံတဲ့ အမျိုးသမီးက အသက် ၅၀ အရွယ် မမိုင်းမိုင်ဖြစ်ပြီး လင်မယားအချင်းများမှုတွေကြောင့် ရိုးရာရုံးတွေကို မကြာခဏရောက်ကြတယ်လို့ ဆိုကြပါတယ်။
သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားကိုတော့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ ဆိုပါတယ်။
သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ အနီးနားဝန်းကျင်နေထိုင်သူတွေက ပြောဆိုမှုများစွာရှိနေပြီး အိမ်တွင်းရေးနှင့် လူမှုရေးကိစ္စတွေကြောင့်လို့ အများဆုံး ပြောဆိုနေကြပါတယ်။