ဩဂုတ် ၂၁ ၊ ဖားကန့်
ဖားကန့်မြို့နယ်တွင် ဩဂုတ်လ (၂၀) ရက်နေ့ ညပိုင်းကတည်းက မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံရကြောင်းဒေသခံများထံမှ သိရသည်။
အင်တာနက်ဖြတ်တောက်ခံရမှုများကြောင့် ဒေသခံများလည်း စိုးရိမ်မှုများရှိနေကြောင်း ယနေ့နံနက် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။
“ ဝိုင်ဖိုင်တွေကလည်း ၇ နာရီခွဲက ပျက်သွားပြီ၊ အခု ဘာလိုင်းမှ မရရတော့ဘူး ၊ ဖုန်းလိုင်းကတော့ ရနေသးတယ်။ သူတို့ (စစ်တပ်) က ဒီဘက်ကို ပစ်မှတ်ထားတာထင်တယ် “ ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ဖားကန့်မြို့နယ်နှင့် ထိစပ်နေသည့် နယ်ခြားများတွင် စစ်အင်အား ဩဂုတ်လ ၁၉ ရက်ကတည်းက တိုးချဲ့ ထားကြောင်း ဒေသခံများထံမှသိရသည်။
“ တာမခံမှလည်း ဒီနေ့မနက်ကမှ အင်တာနက်ပျက်သွားတယ်။ ဖုန်းလိုင်းတွေအားလုံးတော့ရေသေးတယ်။ ကိုဗစ်ကတစ်ဖက် ၊ ဒီနိုင်ငံရေးက တစ်ဖက်နဲ့တော့ ဘာလုပ်စားကိုင်စားရမှန်းကိုမသိဘူး “ ဟု ဖားကန့်မြို့နယ် တာမခံမြို့သစ် မှ ဒေသံတစ်ဦးက ဆိုသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရက်အနည်းငယ်အကြာတွင် မိုဘိုင်းဖုန်းအင်တာနက်များကို လချီကြာဖြတ်တောက်ခဲ့သည်။