ဖားကန့်မြို့နယ်အတွင်းမီတာခမပေးဆောင်ကြဖို့သပိတ်အင်အားစုများကသတိပေးစာကပ်

ဖုန်းနှင့် ပါဝါဘန့်များအတွက် အားသွင်းနိုင်ကြောင်း ဖားကန့်လျှပ်စစ်ဌာနက စီစဉ်ကြေညာထားစဉ်

မေ ၁ ၊​ ဖားကန့် 

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်အတွင်း နေထိုင်သူဒေသခံတွေကို စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနအား မီတာခမပေးဆောင်ကြဖို့ သပိတ်အင်အားစုများက သတိပေးစာစောင်များ လိုက်လံကပ်ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“ တကယ်တော့ရှင်းရှင်းပြောရမယ်ဆိုရင် အဲ့ဒါတွေက အားပေးအားမြှောက်လုပ်တဲ့သူတွေပဲကပ်တာပါ အဖွဲ့အစည်း(လက်နက်ကိုင်)ကကပ်တာမဟုတ်ဘူး။  သပိတ်စစ်ကြောင်းအဖွဲ့တွေ အဲ့ဒါက လက်နက်ကိုင်အဖွဲ့ကပါပြောပြီးကောက်နေတာခုက” ဟု လုံးခင်းဒေသခံတစ်ဦးက ဆိုပါတယ်။

သတိပေးစာစောင်တွေကို  သကြင်္န်မတိုင်ခင်ကာလ ဧပြီလအစောပိုင်းကတည်းက လိုက်လံကပ်ထားတာဖြစ်ပြီး  မီတာခငွေကြေးတွေက စစ်ကောင်စီအတွက် သွေးစွန်းငွေများဖြစ်ကာ  အကြမ်းဖက်လုပ်ငန်းများလုပ်ရာမှာ အသုံးပြုရန်အတွက်သာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ 

လျှပ်စစ်မီတာခများကောက်ခံဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ညှိနှိုင်းပြောဆိုထားကာ သဘောတူခွင့်ပြုချက်များရယူထားပြီး KTV၊ဟော်တယ်၊စားသောက်ဆိုင်၊အနှိပ်ခန်း  တို့တွင်သာ သွားရောက်ကောက်ခံတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် လျှပ်စစ်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ 

 “ အိမ်ရှင်တွေကိုမကောက်ဘူး အဲ့လိုအလိုက်သိစွာလာဆောင်ကြတာပဲရှိတာ တာဝန်သိပြည်သူတွေကနေပြီးမှ သီးသန့်လာဆောင်ကြတာ နောက်လည်းဆောင်ရမယ် ခုလည်းဆောင်ရမယ်ဆိုပြီးသိတတ်ပြီးတော့ လာဆောင်ကြတာလည်းရှိတယ် ပြီးတော့မီတာက အခွန်မဟုတ်ဘူးလေ အခကိုး” ဟု သူကကပြောပါတယ်။

 ဖားကန့်မြို့နယ်ဆိုင်ရာ သပိတ်အင်အားစုကတော့ လျှပ်စစ်မီတာခကောက်ခံမှုနှင့်ပတ်သက်ပြီး  တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်ဖြစ်စေ ပါဝင်ပတ်သက်နေသူလူပုဂ္ဂိုလ် ၊အဖွဲ့အစည်း ထိရောက်စွာအရေးယူသွားမည်ဖြစ်တယ်လို့  သတိပေးစာမှာ အသိပေးပြောဆိုပါရှိထားပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ လျှပ်စစ်မီးသုံးစွဲတဲ့ မီတာအလုံးရေပေါင်း ၁,၇၅၀၀ လုံးက မီတာခကြွေးကျန် ကျပ် ၅ ဘီလီယံ(ကျပ်သိန်းငါးထောင်) ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *