မေ ၄ ၊ ဖားကန့်
ဖားကန့်မြို့နယ်ရှိ မှော်ပေါင်းစုံမှ လူတန်းစားအလွှာပေါင်းစုံတို့သည် စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ပြီး ယနေ့ မေလ ၄ ရက်နေ့ထိ တစ်ရက်မျှ မပျက်ကွက်ပဲ ဆက်လက်ချီတက် ဆန္ဒပြ နေကြကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်နှင့် ရဲ များက ပစ်ခတ်ဖြိုခွင်းမှုများကြောင့် သေဆုံးသူများ ရှိခဲ့သော်လည်း မှော်သူ/သားတို့က ဆန္ဒထုတ်ဖော်ကြဆဲဖြစ်သည်။