ဖားကန့်မြို့ရှိစားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးကိုသတ်ဖြတ်ခံသူကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းချ

စက်တင်ဘာ ၆ ၊​ ဖားကန့် 

ဖားကန့်မြို့၊မှော်ဝမ်းရပ်ကွက်ရှိ ရွှေရောင်လင်းစားသောက်ဆိုင်ပိုင်ရှင် ဇနီးဖြစ်သူ မမိုင်းမိုင်ကို သတ်ဖြတ်ခဲ့တဲ့ သူ့အမျိုးသားကို ဖားကန့်မြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

  “ ချလိုက်တာတော့ဟုတ်တယ် တစ်သက်တစ်ကျွန်း အလုပ်ကြမ်းနဲ့ထောင်ဒဏ်ပေါ့နော် ပိုက်ဆံတောင်းတာမပေးလို့သတ်ခဲ့တာ ဆိုင်ကတော့ဖွင့်တယ် ပုံမှန်ပြန်လည်ပတ်နေတယ်’ဟု ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးက ဆိုပါတယ်။

  ၎င်းက ဇနီးဖြစ်သူကို ဖေဖော်ဝါရီလ ၁ရက်နေ့ ည၁၀ခွဲဝန်းကျင်အချိန်မှာ အချင်းများကာ လည်ပင်းနဲ့ဦးခေါင်းနေရာများတွင် ဓားနှင့်ခုတ်၍သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးပြီး (၆)လအကြာမှာ အမိန့်ထောင်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

  သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ တရားခံဖြစ်သူအမျိုးသားက ဦးမျိုးမင်းဇော်အမည်ရှိ အသက်(၃၀)ကျော်အရွယ် လူလတ်ပိုင်းတစ်ဦးဖြစ်ကာ မူးယစ်ဆေးသုံးစွဲနေသူလည်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများထံမှ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးခံရမှုတွေဟာ မကြာခဏဖြစ်ပွားနေပေမယ့် ဖမ်းဆီးအရေးယူနိုင်မှု အလွန်နားပါးနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *