ဖားကန့်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးပါတီရုံးမီးရှို့ခံရ 

 ဇူလိုင်၃၁၊ဖားကန့် 

ဖားကန့်မြို့ ၊ မရှီကထောင်ရပ်ကွက် ကြိုးတံတားအနီးရှိ  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ရုံးသည် ဇူလိုင်လ (၃၀) ရက်နေ့ ည (၉)နာရီ ဝန်းကျင်အချိန်တွင် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

  “ ဘယ်သူလာရိူ့သွားလဲ မသိသေးပါဘူး ရုံးကလူမနေတာတော့ကြာပြီ အခုကဘယ်လို ထလောင်သွားလဲမသိဘူး အကုန်လုံးလောင်သွားတာ ရုံးမှာရှိတဲ့ပစ္စည်း ဘာတွေညာတွေအကုန်လုံး ဆုံးရှုံးတာပါ့’ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောပြပါတယ်။

မီးလောင်ကျွမ်းသွားမှုကြောင့် ရုံးအတွင်းရှိ ပစ္စည်းများအားလုံး ဆုံးရှုံးသွားကြောင်း ရပ်ကွက်တွင်းနေထိုင်သူများက ဆိုကြပါတယ်။

ရုံးအနီးရှိ လူနေအိမ်များကို မီးဆက်လက်ကူးသွားခြင်းမရှိအောင် ဖားကန့်မြို့ မီးသတ်တပ်ဖွဲ့များက မီးလာရောက်ငြိမ်းသတ်မှုများ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

  “ ရှို့မီးပါ ကြံခိုင်ရေးရုံးဘယ်သူကနေမှာလဲ မီးသတ်တွေတော့ လာတော့လာတယ် ညဆိုတော့ နည်းတာပေါ့ လူနေအိမ်တွေကို ကူးမှာစိုးလို့လေ ဟိုလိုတားလိုက်နိုင်တာတော့မဟုတ်ပါဘူး” ဟု မရှီကထောင်ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

ယခုလို မီးလာရောက်ရိူ့သွားသူများကို မသိရှိရသေးပဲ စုံစမ်းစစ်ဆေးမှုများ ၊ မြို့တွင်းတွင် လုံခြုံရေးတင်းကြပ်မှုများ ရှိနေသည်ဟု ဆိုကြပါတယ်။

စစ်ကိုင်း ၊ မကွေး၊ မန္တလေးတိုင်းနဲ့  ချင်းပြည်နယ်တို့မှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)ရုံးတချို့ဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်း  မီးရှို့ခံရမှုတွေဖြစ်ပွားခဲ့ပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *