ဖားကန့်မြို့နယ်ဆိပ်မူအုပ်စုဆွတ်အောင်တံတားအနီးမှာလူငယ်အလောင်းလေးလောင်းတွေ့ 

ဇွန် ၁ ၊ ဖားကန့် 

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု  ဆွတ်အောင်အထွက် တံတားအနီးမှာ လူငယ်အလောင်းလေးလောင်းတွေ့တယ်လို့ ဖားကန့်မြို့နယ် ပရဟိတလုပ်ကိုင်နေသူတွေဆီကနေသိရပါတယ်။ 

“ လူငယ်လေးလောင်းအဲ့မှာတွေ့တာဟုတ်တယ်။ ဒီနေ့မနက်မှာမှတွေ့တာ ၊ မသင်ကာနဲ့ကြည့်လိုက်တာနဲ့ ဟုတ်တယ်။ အဲ့နားမှာလည်း ဟို အစိုးရစစ်တပ်ထိုင်တယ်ကြားတယ်။ အလောင်းကတော့ လူမှုကူညီရေးအသင်းကနေပြီးတော့မှ သယ်သွားကြပြီ “ လို့ ပရဟိတလုပ်ကိုင်နေသူ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။ 

အဲ့အနီးနားမှာစစ်ကောင်စီ ယာယီတပ်စခန်းတစ်ခုလည်းရှိတယ်လို့ ပြောဆိုကြပါတယ်။ 

အသတ်ခံထားရတဲ့ လူငယ်လေးဦးက မည်သူမည်ဝါဖြစ်တယ်ဆိုတာ မသိရသေးသလို ဒီလိုလုပ်တဲ့အဖွဲ့အစည်းကိုလည်း မသိရသေးပါဘူး။ 

ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေ ၊ PDF တွေရဲ့ ထိတွေ့တိုက်ပွဲက လွန်ခဲ့တစ်ပတ်ကျော်က ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *