စစ်ကိုင်းတိုင်းအစပ်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲလို့ဆို

ဩဂုတ် ၈ ၊ ဟုမ္မလင်း
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် နဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၇ ရက်နေ့ ည ၁ နာရီအချိန်ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“ ဒီမနက် တစ်နာရီကရင်းဖြစ်တာ ၊ အခုထိလည်းဖြစ်နေတုန်းပဲ ၊ KIA PDF ဘက်က အင်အားနှစ်ထောင်လောက်ရှိမယ်။ အထိအခိုက်ကတော့ နှစ်ဖက်လုံးရှိတယ်” လို့ SNA တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
KIA PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်တာဖြစ်ပြီး အင်အားမမျှတာကြောင့် ဖားကန့်မြို့နယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA ၏ တာမခံစခန်းငယ် တစ်ခုဆုတ်ခွာခဲ့ရကြောင်း SNA တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားပါတယ် ။
လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ်ကျေးရွာဖြစ်တဲ့ ဆယ်ဇင်းကျေးရွာအနီးမှာလည်း KIA + PDF ပူးပေါင်းတပ်တွေနဲ့ SNA တို့ တိုက်ပွဲ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ် ။
ဒေသတွင်းသတင်းတွေအရ စစ်ကောင်စီရဲ့ တာမခံ စခန်းကုန်းတစ်ခုလည်း တပြိုင်နက်ထဲ တိုက်ခိုက်ခံရပြီး ကျသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ် ။
တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိနေကြောင်း ကနဦး သိရှိရပြီး အသေးစိပ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်