ဖားကန့်မြို့နယ်ဖားပြင်လုပ်ကွက်မှာမြေစာပိုကျလို့ (8) ဦးသေဆုံး 

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဖားပြင်လုပ်ကွက်မှာ မြေစာပုံပြိုကျလို့ ရေမဆုံး (၈)ဦးသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။ 

ဖေဖော်ဝါရီလ(၁၈) ရက်နေ့မနက်ပိုင်းက ပြိုကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။​

“ ဒီမနက် ဖားပြင်လုပ်ကွက်အတွင်းမှာ မြေစာပုံပြိုကျလို့ (၈) ဦးသေဆုံး” တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဆိုပါတယ်။ 

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတချို့ကို မနေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျမှုတွေက မကြာခဏဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ လူ ၁၀၀ နီးပါး သေဆုံးပြီး အလောင်းတချို့ကိုသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *