ဖားကန့်မြို့နယ်အတွင်းမှာ လိုင်စင်မဲ့ မော်တော်ကားတွေကို စစ်ကောင်စီက စီမံချက်နဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒီဇင်ဘာ ၈ ရက်နေ့မှာ ဖားကန့်မြို့နယ် ‘ပန်းတင်’တံတားထိပ် အပြင် ဖားကန့်ဉရုချောင်းတံတားကြီးမှာလည်း လိုင်စင်မဲ့မော်တော်ယဉ်များကို ဖမ်းစီးနေတယ်လို့ ဒေသခံတွေ ဆီကနေသိရပါတယ်။
“ “ပန်းတင်”တံတားထိပ်မှာဖမ်းတယ်၊မဖမ်းတယ်မသိရတော့ ကျွန်တော်တို့ကားတွေနမ္မဖြစ်ကျေးရွာ အထိပ်မှာအခြေနေတွေမေးကြည့်ရင်း စောင့်နေရတာပေါ့ဗျာ”လို့ အမည်မဖော်လိုသူကားဆရာ တစ်ဦးကပြောဆိုပါတယ်။
စစ်ကောင်စီဟာ လိုင်စင်မဲ့မော်တော်ယဉ်များကိုဖမ်းဆီးမယ့်သတင်းကို နိုဝင်ဘာလ နောက်ဆုံးအပတ်ကတည်းက ပြောဆိုမှုတွေရှိသော်လည်း ဒီဇင်ဘာ၇ ရက်မှစ၍ဖမ်းစီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“မနေ့ကညအထိတောင် ဖားကန့်တံတားကြီးအထိပ်မှာဖမ်းနေတယ်ဗျ၊ စီးပွါးရေးနယ်မြေဖြစ်တယ် ဝန်ထမ်းတွေတောင် လိုင်စင်မဲ့ကားစီးကြတာပဲ” အမည်မဖော်မဖော်လိုသူဒေသခံဆီကသိရပါတယ်။
ဖားကန့်မြို့အပြင် ကချင်ပြည်နယ်ထဲက တခြားသော မြို့တွေမှာလည်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေကို ဖမ်းဆီးမှုတွေ နိုဝင်ဘာလမှာ စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်ထဲမှာ မောင်းနင်စီးနင်းနေကြတဲ့ မော်တော်ကားတွေနဲ့ ဆိုင်ကယ်တွေဟာ လိုင်စင်မဲ့ယာဉ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။