ဖောင်းပြင်မြို့နယ်လွင်ကြီးကျေးရွာဆရာတော်ရဲ့ကားကိုဟုမ္မလင်းမြို့နယ် PDF အဖွဲ့ကတွေကသိမ်း

ဟုမ္မလင်းမြို့မြေပုံ

ဇူလိုင်၁၇ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ်ဆေးရုံကို ဆေးလာကုတဲ့ ဖောင်းပြင်မြို့နယ် လွင်ကြီးကျေးရွာသားတွေစီးလာခဲ့တဲ့  ဘုန်းကြီးကားကို PDF တွေက  ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ 

ဆရာတော်ရဲ့ ကားကို ဒေသခံတွေက အကူအညီတောင်းတာကြောင့် ပေးလိုက်တာဖြစ်ပြီး  ဟုမ္မလင်းမြို့နယ်ဆေးရုံကနေအပြန်  နန့်နစ်ချောင်းကျော်မှာ PDF တွေက ကားကို တားပြီးဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ 

လွင်ကြီးဆရာတော်က ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလိုမိန့်ကြားပါတယ်။ 

“ ဘယ်နားမှာလဲဆိုရင် နန့်နစ်ကြီးအကျော် ဖုန်းဆိုင်နားမှာပါ့ ဟုတ်တယ် PDF တွေသိမ်းသွားတာ  လူတွေတော့ ပြန်လွတ်လိုက်မယ် ကားတွေတော့ သိမ်းထားလိုက်မယ် အဲ့လို ၊ကျန်းမာရေးသွားတဲ့လူတွေကို ပြန်လွတ်လိုက်မယ် ကားတော့မီးရှို့လိုက်မယ် အဲ့လိုပြောပြီး သိမ်းလိုက်တာ” လို့ မိန့်ကြားပါတယ်။ 

PDF တွေ ကားကိုသိမ်းဆည်းပြီး ကားပေါ်က ပါလာသူတွေကို လွတ်ပေးခဲ့ပြီး  သူတို့တွေက လိုင်းကားနဲ့ လွင်ကြီးကိုပြန်ခဲ့တယ်လို့ဆိုပါတယ်။

ဆရာတော်နဲ့ PDF. တွေကြားမှာ အငြိုးအတေးတွေမရှိသလို အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း မှတ်ချက်မပေးလိုကြောင်း ဆရာတော်ဘက်က ဆိုပါတယ်။ 

PDF တွေဘက်က ဆရာတော်ကို ပျူစောထီးအဖွဲ့အဖြစ်ပြောဆိုမှုတွေလည်းရှိနေပြီး လွန်ခဲ့တဲ့ ၄ လပိုင်းက လွင်ကြီးကျေးရွာအတွင်း ပြည်သူ့စစ်နဲ့  PDF ထိတွေ့မှုဖြစ်ပွားတဲ့ ပြဿနာရှိခဲ့တယ်လို့ သိရပါတယ်။ 

ဆရာတော်က ပျူစောထီးအဖွဲ့နဲ့ ပတ်သက်မှုတွေကို ငြင်းဆိုထားပါတယ်။ 

ဒီသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီး ဟုမ္မလင်း PDF  တွေဘက်က သတင်းထုတ်ပြန်မှုတွေ မရှိသေးပါဘူး။ 

Leave a Reply

Your email address will not be published. Required fields are marked *