ဗန်းမောက်မြို့နယ်ကပညာရေး၊အုပ်ချုပ်ရေး၊ရဲစခန်းစတဲ့နေရာတွေမှာအသံမိုင်းပေါက်ကွဲမှုဖြစ်

ဇူလိုင် ၁၉ ၊ ဗန်းမောက် 

ဗန်းမောက်မြို့ပေါ်မှာ  ဇူလိုင်လ ၁၉ ရက်နေ့မနက်ပိုင်းမှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းအနီး လမ်းမဘေးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဒီမိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိပေမယ့် အနီးနားက တိုက်အိမ်ရဲ့ မှန်တွေကွဲအက်ကုန်တယ်လို့လည်း ပြောကြပါတယ်။

“ ဟုတ်ပါတယ်။ ဒီနေ့ ၁၂ နာရီအချိန်က မြို့နယ်ထွေအုပ်ရုံးနဲ့ ရဲစခန်းလမ်းကြားမှာ အသံမိုင်းပေါက်ကွဲခဲ့တာပါ” လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။ 

ဇူလိုင်လ ၁၈ ရက်နေ့ည  ၈နာရီခွဲအချိန်ကလည်း မြို့နယ်ပညာရေးမှူးရုံးရှေ့ နဲ့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်ရှေ့တွေမှာအသံမိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့ပြင် ဗန်းမောက်မြို့အနီးနားက လောင်းကစားဝိုင်းအနီးနားမှာလည်း မပေါက်ကွဲသေးတဲ့ အသံမိုင်းတစ်လုံး ထပ်မံတွေ့ရှိမှုဖြစ်ပွားခဲ့ပါတယ်။ 

ဒီလိုမိုင်းဖောက်ခွဲခဲ့မှုတွေကို ပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်းကိုတော့ မသိရသေးပေ။

၂၀၂၂ ခုနှစ်အတွင်းမှာ ဗန်းမောက်မြို့နယ် စည်ပင်သာယာရုံးအနီး ၊ မြို့နယ်ထွေအုပ်ရုံး ၊မြို့နယ်လျှပ်စစ်ရုံး ၊ လွှစင်ကုန်းကျေးရွာအနောက်ဘက် မိုင်တဲတာဝါတိုင် နဲ့ လမ်းမတွေမှာ အသံမိုင်းတွေပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *