ဗန်းမောက်မြို့နယ်ခမ်းပတ်တောင်ရှိရွှေလုပ်ကွက်တစ်ခုဓားပြတိုက်ခံရ 

ဗန်းမောက်မြို့နယ်ထဲက ရွှေလုပ်ကွက်ကိုတွေ့ရစဉ် Photo/ShanNi Voice

ဖေဖော်ဝါရီ ၇ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ် မံကပ်ကျေးရွာ အုပ်စု ကော်တာရွာ အနီးရှိ ခမ်းပတ်တောင်က ရွှေလုပ်ကွက်တစ်ခု မနေ့ည က ဓားပြတိုက်ခံလိုက်ရကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။ 

ဖေဖော်ဝါရီ (၆) ရက်နေ့ ညတစ်နာရီအချိန်က ခမ်းပတ်တောင်မှာ ရှိတဲ့ လုပ်ကွက်ကို လူတစ်စုက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ယမ်းနဲ့ တခြားပစ္စည်းတွေယူဆောင်သွားတယ်လို့ ဆိုပါတယ်။​

“ ခမ်းပတ်တောင်က ကုမ္ပဏီဆိုဒ်ပေါ့ ဓားပြတိုက်ခံရတာတော့ရှိတယ်။   (၁၁) ယောက်လောက်ရှိမယ်ထင်တယ် ဘာတွေပါသွားလဲဆိုရင်တော့  ယမ်းအိတ်ပါသွားတယ်လို့ပြောတယ်။ တန်ကြေးကတော့ အားလုံးသိန်းတစ်ထောင်တန်ကြေးရှိတယ်လို့ပြောတာပဲ ။ ဓားတွေနဲ့ဆိုတော့ ဟိုကတစ်ယောက်တည်း အစောင့်တစ်ယောက်တည်းချန်ထားခဲ့တာဆိုတော့လေ၊ အဖွဲ့ကတော့ အတိအကျမသိဘူးပေါ့နော့” ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။

ဓားပြတိုက်မှုကို ဘယ်သူတွေဦးဆောင်တာလည်းဆိုတာ မသိရတဲ့အပြင် သတင်းပေါက်ကြားမယ်ဆိုရင် အသက်အန္တရာယ် ကို ထိခိုက်နိုင်တယ်လို့ ခြိမ်းခြောက်ပြောဆိုကြောင်း သိရပါတယ်။ 

အဲ့ဒီပတ်ဝန်းကျင်မှာ ဓားပြတိုက်မှုက ပထမဆုံးအကြိမ်ဖြစ်လည်း ဖြစ်ပါတယ်။ 

မံကပ်ကျေးရွာအုပ်စုမှာ ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ အသံမိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ် ။ 

Leave a Reply

Your email address will not be published. Required fields are marked *