ဗန်းမောက်မြို့နယ်ထဲက SNA ရှေ့တန်းစခန်းတစ်ခုတိုက်ခိုက်ခံရ 

ဩဂုတ် ၂၀ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ်ထဲက  န့န်သောင်ကျေးရွာအနီးမှာရှိတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ ရှေ့တန်းစခန်းတစ်ခုကို  PDF တွေက ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၅ နာရီအချိန်မှာ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ ပင်လည်ဘူးဘက်ကနေဆင်းလာတာလို့ပြောတယ်။ PDF အင်အားတွေတော့များတယ်။ ရှေ့တန်းစခန်းတစ်ခုနောက်ဆုတ်ပေးလိုက်ရတယ်လို့ကြားတယ်။ အဲ့မှာကလည်း ဆယ်ယောက်လောက်ပဲရှိတာ သုံးလေးနှစ်ရှိပြီ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ 

တိုက်ပွဲကြောင့် နန့်သောင်ကျေးရွာသားတွေ တိမ်းရှောင်နေရပြီး တချို့ လယ်တောတွေမှာ သွားရောက်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ 

တိုက်ပွဲအကျအဆုံးအခြေအနေအသေးစိတ်ကိုမသိရှိရသေးပေမယ့် PDF တွေဘက်က အထိအခိုက်ရှိသူတချို့ကို ဆေးရုံတစ်ခုမှာ  ဆေးကုသနေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေဆီကနေသိရပါတယ်။ 

လက်ရှိအချိန်မှာ PDF တွေက ဗန်းမောက်မြို့နယ် ကနေ ပင်လည်ဘူးမြို့နယ်ဘက်ကိုသွားတဲ့ ပင်းခါးကျေးရွာ လမ်းဆုံ ၊ ကြောင်လည် စတဲ့နေရာတွေမှာ အင်အားအများအပြားနဲ့ လမ်းပိတ်ထားကာ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *