ဗန်းမောက်မြို့နယ်လေးသီအုပ်စုဥက္ကဌကိုတော်လှန်းရေးအင်အားစုများဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု ဥက္ကဌကို  ဗန်းမောက်မြောက်ပိုင်းမှာ လှုပ်ရှားနေသည့်  တော်လှန်းရေးအင်အားစုများက  ဇွန်လ ၂၄ ရက်နေ့တွင်  နေအိမ်အတွင်း လာရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

လေးသီအုပ်စု ဥက္ကဌ ဦးထွန်းဝယ် (ခေါ်) အိုက်စိုးကို  ပျောက်ကျားဝတ်စုံဝတ်ဆင်ထားသူ (၁၅)  ဦး  ဇွန်လ ၂၄ ရက်နေ့  မနက် ၅ နာရီခွဲကျော်အချိန်တွင်  နောင်မဲ့လုံကျေးရွာရှိ ၎င်း၏နေအိမ်အတွင်း  လာဖမ်းသွားကြောင်း ဖြစ်စဉ်ကို သိသည့်  နောင်မဲလုံကျေးရွာဒေသတစ်ဦးက ပြောပြသည်။ 

မနက်နာရီကျော်ကျော်နာရီနှင့်နာရီကြားဖမ်းသွားတာ။သူတို့လာတာကခြေလျင်လာတာ။လေးသီဟိုးဘက်ကနေဖြတ်ခဲ့တာခြေကျင်၁၅ယောက်။အေးနောက်မှဒီမှာဖမ်းပြီးတော့မှသူတို့ကဒီမြို့ထဲကနေဖိုးဝီးနဲ့ဒါတိုက်ပန်းတောဘက်ကိုခေါ်သွားတာအဲ့လို။လို့ဖြစ်စဉ်ကိုသိရှိသူဒေသခံတစ်ဦးကပြောဆိုသည်။ 

လေးသီအုပ်စု ဥက္ကဌ ဦးအိုက်စိုး အဖမ်းခံရမှုသည်  လေးသီအုပ်စုအတွင်း  စစ်ကောင်စီ၏ အခြေခံပညာကျောင်းများ ဖွင့်လှစ်ဖို့ ကြိုးစားသည့်အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေလည်းရှိနေသည်။ 

ဖမ်းရတဲ့အကြောင်းအရင်းကသူကကျောင်းဖွင့်တဲ့အရေးကြိုးစားနေလို့ပါ့။သူ့ရွာကျောင်းဖွင့်ဖို့သူ့အုပ်စုကျောင်းဖွင့်ဖို့ကြိုးစားနေတယ်ဒါပဲသိတာကို။အဲ့ဒီရွာကပီဒီအက်ဖ့်ထဲဝင်ထားတာလေးငါးခြောက်ယောက်ခုနှစ်ယောက်ရှိတာကိုးအဲ့ကောင်တွေကလာဖမ်းတာနေမှာပါ့” လို့ နောက်ထပ် နောင်မဲလုံကျေးရွာသား တစ်ဦးက ပြောဆိုသည်။

လာရောက်ဖမ်းဆီးသွားသည့်  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေသည်  ဦးအိုက်စိုးကို ဖမ်းဆီးရသည့် အကြောင်းအရင်းကို ပြောဆိုခြင်းမရှိသေးသလို ၎င်းတို့နှင့် ဆက်သွယ်နိုင်ရေး ဗန်းမောက်မြို့နယ် မြောက်ပိုင်းဒေသတွင် ဖုန်းလိုင်းများပျက်တောက်နေသည်။ 

စစ်ရေးတင်းမာမှုတွေကြောင့် ဗန်းမောက်မြို့နယ်တစ်ခုလုံး စာသင်ကျောင်းများပိတ်ထားရပြီး  စစ်ကောင်စီ ပညာရေးဌာနက ဗ ဗန်းမောက်မြို့ပေါ်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဇွန်လ ၁၉ ရက်နေ့က ကျောင်းအပ်လက်ခံမှုတွေစတင်ပြုလုပ်နေကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *