ဗန်းမောက်မြို့နယ် မြောက်ပိုင်းက ရွှေမျှောလုပ်ကွက်တွေကို KIA က ဆက်ကြေးဝင်ကောက်ခဲ့ ဟုဆို

ဗန်းမောက်မြို့နယ်မြောက်ပိုင်းက ရွှေလုပ်ကွက်များကို တွေ့ရစဉ်

ဇန်နဝါရီ ၁၉ ၊​ဗန်းမောက်

ဗန်းမောက်မြို့နယ် မြောက်ပိုင်းက ဘူးတောင်း ၊ ခေါင်းတုံးကျေးရွာ ၊ အင်းပေါက်ကျေးရွာတွေမှာ မနေ့က KIA က ရွှေမျှောလုပ်ငန်းရှင်တွေဆီမှာ ဇန်နဝါရီလ (၁၈) ရက်နေ့မှာ ဆက်ကြေးကောက်ခဲ့တယ်လို့ ပြောဆိုပါတယ်။ 

ဘတ်ဟိုးတစ်စီးကို သိန်း ၂၀ ထိတောင်းခံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောဆိုပါတယ်။ 

အများစုကလည်း ဒီလိုတောင်းခံခဲ့တာကို ပေးဆောင်ခဲ့တယ်လို့ ပြောဆိုပါတယ်။​

မနေ့က နေ့လည်ပိုင်းမှာ ဗန်းမောက်မြောက်ပိုင်းကို KIA မှ ဆိုင်းနော်ဦးဆောင်တဲ့ အဖွဲ့နဲ့ PDF အဖွဲ့တွေ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီနေ့မှာတော့ အဲ့ဒီနယ်ထဲကနေပြန်ထွက်သွားပြီဖြစ်တဲ့အကြောင်းလည်း ဒေသခံတွေက ထပ်လောင်းပြောဆိုပါတယ်။ 

ကချင်ပြည်နယ်မှာ ရှိတဲ့ PDF တွေက KIA ရဲ့ ဦးဆောင်မှုအောက်ကနေသာ လှုပ်ရှားသွားလာကြရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *