မေ ၁၁ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ပေါ် မြို့မဘုန်းကြီးကျောင်းအနီးမှာ ဒီနေ့ မေလ ၁၁ ရက်နေ့ မနက် ၁၀ နာရီကျော်အချိန်အမှာ ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရှမ်းနီအသံကို ပြောဆိုပါတယ်။
“ မြို့မဘုန်းကြီးကျောင်းလမ်းကြားပါ့ညယ်၊ ဘာမှတော့မဖြစ်ဘူး၊ ကွဲတာပဲရှိတာပါ၊ မိုင်းစတောင်မှာ ငါအပြင်မှာ ထွက်လို့စကားပြောနေတာ ငါ့ကို မိုင်းစနည်းနည်းမှန်သွားတယ်။ နည်းနည်းလေးပါ၊ ငါ့ရဲ့လက်ပေါ်လာကျတာ ၊ သွေးလေးနည်းနည်းပဲထွက်သွားတာ” လို့ ဗန်းမောက်မြို့ပေါ် ဒေသခံတစ်ဦးက ပြောပြပါတယ်။
မြို့မဘုန်းကြီးကျောင်းအနီးလမ်းကြားမှာ မိုင်းနှစ်လုံးပေါက်ကွဲလိုက်တဲ့ မိုင်းစတချို့ဟာ ပေ ၁၀၀ ကျော်အထိ ကျောက်ခဲတချို့လွင့်စင်မှုတွေရှိခဲ့ပြီး ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ လက်နက်ကိုင်ဆောင်ထားကြတဲ့ အဖွဲ့အစည်းပိုများလာခြင်းကြောင့် မိုင်းလာရောက်ဖောက်ခွဲတဲ့ အဖွဲ့အစည်းတွေကိုတော့ မသိရှိကြဘူးလို့ ဒေသခံတွေကပြောဆိုကြပါတယ်။
“ ဘယ်လိုပြောမလဲ ကြာလှပြီငြိမ်နေတာ၊ တစ်လတောင်ရှိနေပြီ ဘာသံမှမကြားတာ၊ အခုက ကြားရပြန်တာပါ့၊ဒါမယ့် သွားနေကြ လာနေကြတာပါ့ ပေါက်တာပေါက်တာ”လို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာဟာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှာလည်း တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။