ဗန်းမောက်မြို့ပေါ်မှာ အုပ်စုဖွဲ့ ခိုးယူမှုတွေရှိနေ 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက််မြို့ပေါ် ရပ်ကွက်တွေမှာ အုပ်စုဖွဲ့ပြီး ခိုးဆိုးလုယက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“  ခိုးတာက အုပ်စုလိုက်ခိုးတာပါ့လေ၊ သူခိုးတွေက လက်နက်တွေပါတယ်လေ ဓါးတွေပါတာလေ။  ဓားနဲ့ဆိုတော့ ဘယ်သူကလည်း သူတို့ ကိုဘယ်သူမှလည်းမဖမ်းရဘူး။ ရပ်ကွက်ထဲမှာ စုပြီးဖမ်းရင်ဖမ်းမှပါ့ တစ်ယောက်တည်းမှာ ဘယ်သူမှ မဖမ်းရဲဘူး။ အများဆုံးတော့ ဖိုးသမားတွေပါ့အေ” လို့ မြို့ပေါ် ဒေသခံ တစ်ဦးက ပြောပြပါတယ်။ 

သူခိုးတွေက သံထည်ပစ္စည်းများ ၊ ဆိုင်ကယ် ၊ ရေမော်တာအပါအဝင် လွယ်လင့်တဲ့ ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ သိရပါတယ်။ 

အုပ်စုဖွဲ့ခိုးယူမှုတွေကို ကာကွယ်ဖို့အတွက် ရပ်ရွာအဖွဲ့တွေ ဖွဲ့ပြီးဆောင်ရွက်ဖို့ ဒေသခံတွေကြား ပြောဆိုမှုတွေလည်းရှိပါတယ်။ 

လွန်ခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကလည်း  မြို့နယ် အခွန်ရုံးကို ဗန်းမောက်မြို့ခံမဟုတ်တဲ့  အမျိုးသားလေးဦးက ဖောက်ထွင်းဖို့ကြိုးစားမှုကြောင့် နယ်နင်ဒဏ်ပေးခဲ့တယ်လို့ မြို့မိမြို့ဖတစ်ဦးက ဆိုပါတယ်။ 

ဗန်းမောက်မြို့မှာ တည်ဆောက်နေဆဲဖြစ်တဲ့ ရှမ်းနီစာပေယဉ်ကျေးမှုရုံးရဲ့ မီးကြိုးများဖြတ်တောက်ခိုးယူခံရမှုတွေထိပါ ရှိလာခဲ့တယ်လို့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဆီကနေ သိရပါတယ်။ 

ဗန်းမောက်မြို့နဲ့ အနီးပတ်ဝန်းကျင်မှာ ခြောက်ကောင်ဂျင်ဝိုင်း နဲ့ ကြက်တိုက် စတဲ့ လောင်းကစားတွေကြောင့် သူခိုးတွေပေါများလာတာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ဇွန်လလောက်ကစပြီး ဒေသခံတွေရဲ့ ဆိုင်ကယ်တွေ ခိုးယူမှု တစ်ရက် နှစ်စီးနှုန်းခန့်ရှိခဲ့ပြီး ဓါးပြမှုတွေလည်းရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *