ဗန်းမောက်အနောက်ပိုင်းမှာ  စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မတ်၃၁ဗန်းမောက် 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသဖြစ်တဲ့  ပင်ဟင်းခါး-ရွှေကျောင်းကျေးရွာအနီးတွေမှာ မတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီမှ စတင်ကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

“ကျွန်မတို့ရွာမှာတော့ ဘာမှမဖြစ်ဘူး။ အခုက ကျွန်မတို့ရွာနားက ဖြစ်တာ။ အခုလည်း ဖြစ်နေတုန်း ဒုံး ဒုံး ဒိုင်း ဒိုင်း နဲ့ပါ့” လို့  ပင်ဟင်းခါး-ရွှေကျောင်းကျေးရွာအနီးနေထိုင်သူတစ်ဦးပြောပြပါတယ်။ 

ပင်ဟင်းခါးကျေးရွာ -ရွှေကျောင်းကျေးရွာအနီမှာ အပြန်အလှန် ပစ်ခတ်နေတဲ့အသံများ ကြားနေရတယ်လို့ ပင်ဟင်းခါး-ရွှေကျောင်းကျေးရွာအနီးနေထိုင်သူတွေက ပြောကြပါတယ်။ 

တိုက်ပွဲကြောင့် ရွာသားတွေဟာ ဘုန်းကြီဂကျောင်းမှာ သွားရောက်နေထိုင်နေရတယ်လို့ ဆိုပါတယ်။ 

” ရွာသားတွေအကုန်လုံး ဘုန်းကြီးကျောင်း ရောက်နေတယ်။ အခု ဘုန်းကြီးကျောင်းမှာ စုနေကြတယ်တဲ့ အကုန်လုံး။ ရွာထဲမှာ နဲနဲပါးပါးပဲ ရှိတယ်တဲ့”လို့ ပင်းဟင်းခါးဒေသခံနှင့် နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

မတ်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့တွေမှာလည်း ဗန်းမောက်အနောက်ပိုင်းဒေသဖြစ်တဲ့ စက်တောကျေးရွာ၊ အလယ်ရွာနှင့် ကံရွာ စတဲ့ ကျေးရွာတွေမှာ စစ်ကောင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

မတ်လအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ ဗန်းမောက်မြို့နယ်အတွင်းကို ဝင်ရောက်လာခဲ့ပြီး PDF တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *