ဘီလူးမြို့ကျေးရွာရှိအမျိုးသမီးတစ်ဦးရေမွှေးတို့ဆေးကြောင့်ငွေကြေးတချို့ပါသွား 

ဇူလိုင် ၇ ၊ ဘီလူးမြို့

မိုးညှင်းမြို့နယ် ဘီလူးမြို့ကျေးရွာ ကန်တော်ကုန်းရပ်နေ အမျိုးသမီးတစ်ဦးကို လူနှစ်ဦးက ရေမွှေးတို့ဆေးတစ်မျိုးဖြင့် နမ်းရှိုက်ခိုင်းပြီး ငွေကြေးတချို့ ပါသွားတယ်လို့  ဖြစ်စဉ်နဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။ 

ဖြစ်စဉ်ကတော့ ဇွန်လနောက်ဆုံးအပတ်ထဲမှာ ကန်တော်ကုန်းရပ်ရှိ အမျိုးသမီးတစ်ဦး၏ နေအိမ်အတွင်းကို အမျိုးသမီးနှစ်ဦးက ရေတောင်းသောက်ပြီး ၎င်းတို့ဟာ ရေမွှေးရောင်းသူတွေဖြစ်ကြောင်း ပြောဆိုရှင်းပြကာ  ရေမွှေးကို ရှူရှိုက်ခိုင်းပြီး ထိုအမျိုးသမီး သတိလက်လွတ်ဖြစ်သွားပြီး  ငွေကြေးတချို့ပါသွားတာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိသူက ပြောပြပါတယ်။ 

“ ကျွန်မတို့ ရေမွှေးရောင်းတဲ့အဖွဲ့ဖြစ်တယ် ကျွန်မတို့ရဲ့ ရေမွှေးက အနံ့လည်းမရှိုင်းဘူး၊ ဘာညာဆိုပြီးတော့ လက်ဝါးထဲမှာ ရေမွှေးလေးထည့်ပြီး နမ်းခိုင်းလိုက်တာတဲ့ ၊ နမ်းခိုင်းလိုက်တော့ ကျွန်မတို့ရေမွှေးရဲ့ စျေးက တစ်သိန်းခုနှစ်သောင်းပြောတယ်။ နမ်းပြီးတဲ့အခါ ပြောတဲ့အသံကြားတာနဲ့ လိုက်လိုက်ပြောတာတဲ့ တစ်သိန်းခုနှစ်သောင်း တစ်ပုလင်းကို အဲ့တာနဲ့ ပိုက်ဆံထုတ်လို့ပေးလိုက်တာတဲ့ ။ နောက်ကိုသူသတိပြန်လည်လာတော့  ပိုက်ဆံက သူများလိမ်သွားတာပါ့အေးတဲ့” လို့ ဖြစ်စဉ်ကို သိသူတစ်ဦးကပြောပါတယ်။ 

ရေမွှေးလာရောင်းချလို့ဆိုသူနှစ်ဦးကလည်း ငွေရပြီးနောက် ထွက်သွားကာ  လုံးဝမတွေ့ရှိကြတော့ဘူးလို့သိရပါတယ်။ 

ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် အချင်းချင်းအသိပေးမှုတွေသာရှိပြီး လာရောက်လိမ်လည်သူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ 

မိုးညှင်းမြို့နယ်မှာ အခုလိုဖြစ်စဉ်က ပထမဆုံးသောဖြစ်စဉ်တစ်ခုဖြစ်ပြီး မနှစ်ကလည်း အိမ်ဆေးလိမ်လည်သုတ်ပြီး ငွေကြေးအမြောက်အများတောင်းခံတဲ့ ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *