


ဧပြီ ၇ ၊ မန္တလေး
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ငလျင်ဒဏ်သင့်ပြီး သေဆုံးသူတွေနဲ့ နေအိမ်ပျက်စီးသူတွေကို တစ်အိမ်ကျပ် သုံးသိန်းစီ ပံ့ပိုးခဲ့တယ်လို့ NUG က ဆိုပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ သေဆုံးသူများနှင့် နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် လူသားချင်းစာနာမှုအကူညီအဖြစ် တစ်အိမ်ထောင်ကို ငွေကျပ်သုံးသိန်းစီ ပေးခဲ့တယ်လို့ NUG က ဒီကနေ့ ဧပြီလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
ဝန်ကြီးဌာနကိုယ်စား မြို့နယ်ပအဖနှင့် လူသားစာနာ တာဝန်ခံတို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းဖော်ပြထားပြီး မည်သည့်ကျေးရွာနှင့် ထောက်ပံ့ပေးအပ်ခဲ့တဲ့ အိမ်ထောင်စုအရေတွက်ကို ဖော်ပြမထားပါဘူး။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ငလျင်ဒဏ်သင့်တဲ့ မြို့ ၁၀ ခုအထိရှိပြီး ကျေးလက်ဒေသတချို့ကို NUG က စိုးမိုးထိန်းချုပ်ထားတာဖြစ်ပါတယ်။
NUG က ငလျင်ဒဏ်သင့်ပြည်သူများကို လူသားချင်းစာနာထောက်ထားမှုအကူညီတွေ ပေးအပ်နိုင်ဖို့ နိုင်ငံတကာအဖွဲ့စည်းတစ်ခုထံမှလည်း ထောက်ပံ့ပေးမှု ရရှိထားတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
စစ်ကိုင်းမြို့နယ် စိုးမိုးနယ်မြေတွင်းက ကျေးရွာ(၈) ရွာမှ အိမ်ထောင်စု ၃၉၃ စုအတွက် နိုင်ငံတကာအဖွဲ့ရဲ့ အကူညီနှင့် စားနပ်ရိက္ခာနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ဖြန်ဝေထောက်ပံ့နေတယ်လို့လည်း NUGရဲ့ လူသားစာနာဝန်ကြီးဌာန သတင်းထုတ်ပြန်ထားပါသေးတယ်။
စိုးမိုးနယ်မြေတွင်း အကူညီများပေးအပ်နိုင်ဖို့ NUG ရဲ့ နွေဦးဘဏ်က အလှူငွေကောက်ခံရာမှာ ၇ ရက်အတွင်းမှာပဲ (၁.၃) ဘီလီယံ ရရှိတယ်လို့ SDB Bank က သတင်းထုတ်ပြန်ထားပါတယ်။
ရရှိသမျှသော ငွေအားလုံးကို NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ငလျင်ကြောင့် သေဆုံးသူနှင့် ထိခိုက်သူများကို တစ်ဦးလျင် ကျပ်(၁၀)သိန်းစီ ထောက်ပံ့ပေးမယ်လို့ ကြေညာထားပါတယ်။
#Madalay#ရှမ်းနီအသံ
#Earthquark #7.7earthquark
#ShanNi Voice