မေ ၃ ၊ နေပြည်တော်
မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံအပေါ် တိုက်တွန်းချက်ဖြစ်တဲ့ NUG ကို ထိတွေ့ဖို့ ပြောဆိုချက်က စစ်ကောင်စီက ကန့်ကွက်ပြီး ထိတွေ့ဆက်ဆံတာတွေမလုပ်ဖို့ သတိပေးစာတစ်စောင် မေလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီပြောဆိုတိုက်တွန်းချက်တွေကိုလည်း မဆင်မခြင် တာဝန်မဲ့ ပြောဆိုချက်ဆိုပြီးတော့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံရှားရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေဟာ အကြမ်းဖက်မှုတွေကို အားပေးရာရောက်နိုင်တဲအ့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကြိုးပမ်းချက်ဆောင်ရွက်နေတာကိုလည်း အဟန့်အတားဖြစ်စေတယ်ဆိုပြီး စစ်ကောင်စီက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ရန်လည်း သတိပေးဖော်ပြအပ်တယ်လိုပြီး ပြောဆိုထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG နဲ့ NUCC တို့နဲ့တွေ့ဆုံမှုတွေရှိထားသလို သူက လာမယ့် မေလ ၅ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအရုံးမှာလည်း NUGနဲ့ အလွတ်သဘောတွေ့ဆုံဖို့ အဆိုပြုသွားဖို့ရှိနေပါတယ်။