မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သည့်မိသားစုကို ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းများက အလှူငွေလှူဒါန်းခဲ့

ဖေဖော်ဝါရီ ၁ ၊ မိုးညှင်း

မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာမှာ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုများခံစားခဲ့ရတဲ့ မိသားစုကို မိုးကောင်းမြို့ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းကာ ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မနေ့က ဇနန်နဝါရီလ ၃၁ ရက်နေ့မှာ ၎င်းတို့မိသားစုကို ငွေသားအလှူစုစုပေါင်း ၃၅၀၀၀၀ (သုံးသိန်းငါးသောင်း)ကျပ်ကို သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ကြောင်း အရပ်ဘက်အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“ မိုင်းဒဏ်ခံစားရတဲ့မိသားစုလေးကို လှူပေးကြတာနည်းနည်း နည်းတယ်လို့ထင်တယ် ကိုယ်မသိလိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော် ပြီးရင် မိုင်းနင်းမိတယ် သွားကြတယ်လာကြတယ်ဆိုတာလည်း အဆင်မပြေတဲ့လူတွေပဲ အများဆုံးဖြစ်ကြတာလေနော် မြို့ပေါ်မှာ အဆင်ပြေတဲ့သူတွေတော့ အဲ့ဘက်သွားပြီးတော့ မိုင်းမနင်းမိဘူးလေနော့”

  အဆိုပါမိသားစုကို မိုးကောင်းမြို့ရှိ  ဆရာတော်တစ်ပါးအပါအဝင် ရှမ်းနီအရပ်ဘက်လူကြီးများ၊ စင်ကာပူရောက် အမျိုးသမီးတစ်ဦးနှင့် ဖေးမတွဲထူ စောင့်ရှောက်ကူ(   Sympathetic Unity Volunteers )(SUV)  အဖွဲ့အစည်းတို့က စုပေါင်းပါဝင်လှူဒါန်းထားကြတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ နွားရှာထွက်ရင်း ၎င်းတို့သားအမိလေးဦးမှာ မိုးညှင်းတက္ကသိုလ်နှင့် ထန်းတပင်ကျေးရွာကြားရှိ ကတ္တရာလမ်းပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့် မိသားစုဝင်တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိကာ မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြရတာလည်း ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ ဆေးကုသမှုခံရနေစဉ်အတွင်းမှာလည်း ဝိုင်းမော်မြို့နယ် ရှမ်းလူငယ်အဖွဲ့က ဆေးဝါးစရိတ်တချို့ကို ဆေးရုံအတွင်းသွားရောက်ကူညီမှုများရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *