မိုးကောင်းမြို့နယ်အတွင်း အရပ်သား ၁၀၀ နီးပါး အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီး

စက်တင်ဘာ ၄ ၊ မိုးကောင်း

မိုးကောင်းမြို့နယ် ထီးချိုင့်ကျေးရွာ နှင့် တောင်နီကျေးရွာ ရွာချင်းဆက်လမ်းပိုင်းတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုကြောင့် ဩဂုတ်လကုန်မှစပြီး ဖမ်းဆီးမှုတွေကြောင့် အရပ်သား ၁၀၀ နီးပါး ဖမ်းဆီးခံရတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ထီးချိုင့်-တောင်နီ လမ်းပေါ်မှာ သေနတ် ၆ လက်ကိုင်ဆောင်ထားတဲ့ လူတစ်စုဟာ အရပ်သားတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အကြောင်းအရင်းမသိရကြောင်း ဖမ်းဆီးခံရသူ တစ်ဦးရဲ့ မိသားစုက ပြောပါတယ်။

ထိုလူတွေဟာ အရပ်သားတွေကိုဖမ်းဆီးတဲ့အပြင် ဖြတ်သန်းသွားလာတဲ့ ကား နဲ့ ဆိုင်ကယ်တွေကိုလည်း ဖမ်းဆီးတာ၊ ယာဉ်မောင်းတွေကို ရိုက်နှက်တာတွေရှိတယ်လို့ စုံစမ်းသိရပါတယ်။

အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဘယ်အဖွဲ့အစည်းဆိုတာကို ဒေသတွင်းရှိ ဌာနပြည်သူ့စစ်တပ်ဖွဲ့တွေက စုံစမ်းနေဆဲဖြစ်ပြီး ၎င်းတို့ရဲ့ မိသားစုဝင်တချို့လည်းဖမ်းဆီးခံရမှုတွေရှိနေတယ်လို့ သိရပါတယ်။

မိုးကောင်းမြို့နယ်အပါအဝင် ကချင်ပြည်နယ်ကမြို့နယ်အတွင်းက မြို့နယ်တွေမှာ အင်တာနက် နဲ့ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး အဆက်အသွယ်ရရှိဖို့ အခက်အခဲကြုံနေရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *