ဇူလိုင် ၁၈ ၊ မိုးကောင်း
မိုးကောင်းမြို့နယ် စည်ပင်သာယာရုံးမှာ ဇူလိုင်လ ၁၅ ရက်နေ့က ကြက်ပေါင်းခေါက်ဆွဲချိုင့်ထဲမှာ မိုင်းထည့်ပြီးပါဆယ်ပေးပို့ခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် ပါဆယ်အထုပ်အပိုးတွေကို စစ်ဆေးဖို့တွေ ညွှန်ကြားထားတယ်လို့ ထွက်ပေါ်လာတဲ့ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာအရ သိရပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲခါနီးအချိန်မှာ စည်ပင်သယာရုံးရဲ့ AD ဦးမျိုးသန့်ဆီကို လာရောက်ပို့ဆောင်တဲ့ ချိုင့်ထဲမှာ မိုင်းတွေထည့်ခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
ဒီလိုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ရဲစခန်း ၊အချုပ်ခန်းတွေက တရားခံတွေနဲ့ ရုံးထုတ်တဲ့အချိန် လာရောက်ပို့ဆောင်တဲ့ ပါဆယ်ထုတ် ၊ ထမင်ချိုင့် ၊ အထုပ်အပိုးတွေနဲ့ ပစ္စည်းတွေကို သေချာစစ်ဆေးဖို့နဲ့ မသင်္ကာရင် လက်မခံဖုိ့အတွက် ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။
လိုအပ်ရင်လည်း ဖမ်းဆီးစစ်ဆေးဖို့အတွက်လည်း အဲ့ဒီညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။
ဒီညွှန်ကြားစာက ကချင်ပြည်နယ်က ခရိုင်ရဲဌာနတွေဖြစ်တဲ့ မြစ်ကြီးနား ၊ မိုးညှင်း ၊ ဗန်းမော် ၊ ပူတာအို စတာတွေကိုလည်း ညွှန်ကြားတာဖြစ်တယ်လို့ သိရပါတယ်။
မိုးကောင်းမြို့မှာ ပေါက်ကွဲမှုဖြစ်ပွာ ( ၂) ကြိမ်ပြီးနောက် လုံခြုံရေးနဲ့ စစ်ဆေးမေးမြန်းမှုတွေက ယခင်ထက်လည်းပိုတင်းကြပ်မှုတွေ ရှိလာခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။