မိုးညှင်းမြို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနရုံးတိုက်ခိုက်ခဲ့တယ်လို့မိုးညှင်း PDF ထုတ်ပြန် 

ဩဂုတ် ၈ ၊ မိုးညှင်း 

မိုးညှင်းမြို့ စိုက်ပျိုးရေးရုံးတိုက်ခိုက်ခံရပြီး   စစ်ကောင်စီက သုံးဦးသေဆုံးတယ်လို့ ဩဂုတ်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မြို့ရှောင်လမ်းနှင့် မိုးညှင်း-ဘီလူးမြို့ လမ်းဆုံရှိ စိုက်ပျိုးရေးကို  ဩဂုတ်လ ၆ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်မှာ မိုးညှင်း K-PDF တပ်ရင်း ၊ KIA+PDf ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ဆင်ရေးသတင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 

တိုက်ခိုက်မှုဟာ ဩဂုတ်လ ၆ ရက်နေ့ညနေပိုင်းမှာ ဘီးလူးမြို့မှ မိုးညှင်းမြို့ကို သွားရောက်ခဲ့သူလည်း မိုင်းဆွဲတိုက်ခိုက်မှု ၊ ပစ်ခတ်မှုတွေကို မသိရှိခဲ့ကြောင်းဆိုပါတယ်။ 

“ မနေ့က ငါသမီးကို မှတ်ပုံတင်လုပ်လို့ပြန်တာနော့် ၊  ၃ နာရီနောက်ပိုင်း တပ်က အဲ့နား စိုက်ပျိုးရေးရုံးနားမှာမရှိဘူး တပ်က ပင်းဟဲလမ်းဆုံမှာကြီးရှိနေတာ၊ မကြားမိဘူးနော့် မိုးညှင်းကိုနေ့တိုင်းသွားနေတာ၊ မဟုတ်လောက်ဘူးထင်တယ်” လို့ ဘီလူးမြို့ကျေးရွာ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ရှမ်းနီအသံက မိုးညှင်းမြို့နဲ့ ဘီလူးမြို့ဒေသခံ ၅ ဦးထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီသတင်းဖြစ်ရပ်ကို မသိရှိကြောင်းပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ  မိုးညှင်း KPDF တပ်ဖွဲ့က မိုးညှင်းမြို့ရှောင်လမ်းပေါ် စစ်ရေးပြသည့် ရုပ်သံတစ်ခုဖြန့်ချိပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မိုးညှင်းအရှေ့ဘက်ကို ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *