မိုးညှင်းမြို့တွင် နေအိမ်ပြင်ပကိုသွား/လာခွင့်ကဒ် ဖြင့်သာ သွားလာရတော့မည်

ဩဂုတ် ၂၆ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်ကို Stay at Home အစီအစဉ်ကြေညာခဲ့ပြီးနောက်ပိုင်း လာမည့် ၂၈ ရက်နေ့ကစတင်ပြီး နေအိမ်ပြင်ပ သွား/လာခွင့်ကဒ်များဖြင့်သာ သွားလာရတော့မည်ဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးများ ထံမှ သိရသည်။ 

အရေးကြီးကိစ္စဖြင့် နေအိမ်ပြင်ပ သွားလာလိုလျှင် ထိုကဒ်ဖြင့်သွားရမည်ဖြစ်ကြောင်း သိရသည်။ 

မြို့အဝင် နှင့် ရပ်ကွက်/ ကျေးရွာများတွင် ဝင်ထွက်ဂိတ်များပြုလုပ်ပြီး  စစ်ဆေးသွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှသိရသည်။

ထိုကဒ်ပြားသည် ည (၉း၀၀) နာရီမှ နံနက် (၅း၀၀) အချိန်အတွင်းတွင် အကျုံးမဝင်ကြောင်း ၊​သတ်မှတ်ထားသည့် စည်းကမ်းများကို မလိုက်နာလျှင် တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု မိုးညှင်းမြို့နယ် Covid19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။ 

မိုးညှင်းမြို့သည် Covid19 ကာလတွင် နှစ်ကြိမ်တိုင် Stay at Home သတ်မှတ်ခြင်းခံရသည့်မြို့တစ်ခုလည်းဖြစ်ပြီး ထိုအချိန်ကလည်း နေအိမ်ပြင်ပ သွား/လာခွင့်ကဒ်ဖြင့် သွားလာရေးကို လုပ်ဆောင်ခဲ့ဖူးသည်။ 

သို့သော်လည်း ထိုကဒ်များကို စစ်ဆေးအရေးယူနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ 

ကချင်ပြည်နယ်တွင်  Stay at home သတ်မှတ်ထားခြင်းခံရသည့် မြို့နယ် (၇) ခုထိရှိလာခဲ့ပြီးဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *