မိုးညှင်းမြို့ထန်းတပင်ကျေးရွာအနီးမှာ  PDF  တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွား 

ဒီဇင်ဘာ ၂၇ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်အထွက်  ထန်းတပင်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည်အချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ထိတွေ့တိုက်ပွဲဟာ နေ့လည် ၁၂ နာရီဝန်းကျင်ကနေ စတင်ဖြစ်ပွားပြီး နေ့လည် ၂ နာရီအထိ တိုက်ပွဲအချိန် (၂) နာရီကြာဖြစ်ပွားခဲ့တယ်လို့ ဆိုကြပါတယ်။ 

တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

တိုက်ပွဲကနေ ပစ်ခတ်ကြတဲ့ ကျည်တွေဟာ ထန်းတပင်ရွာထိပ်က နေအိမ်တချို့ကို ထိမှန်ခဲ့တယ်လို့ အိမ်ရှင်နဲ့ နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားတချို့ကို စစ်ကောင်စီတပ်ဘက်က  ခေါ်ယူစစ်ဆေးမှုခဲ့ပြီး ပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။ 

မိုးညှင်းမြို့နယ်မှာ နိုဝင်ဘာလကုန်မှာလည်း KIA နဲ့ စစ်ကောင်စီတပ်တို့ ထန်းတပင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံရွာသားတချို့ ညတွင်းချင်း တိမ်းရှောင်ထွက်ပြေးရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *