မိုးညှင်းမြို့နယ်မှာမိုးစပါးဧကတစ်သိန်းသုံးသောင်းကျော်စိုက်ပျိုးမှာဖို့လျာထား 

ဇူလိုင် ၁၁ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်အတွင်းမှာ ယခုနှစ် မိုးစပါး ဧက တစ်သိန်းသုံးသောင်း ကျော်စိုက်ပျိုးသွားဖို့ရှိတယ်လို့ မိုးညှင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနဆီကနေ သိရပါတယ်။ 

မြို့နယ်အတွင်း လျာထားတဲ့စိုက်ပျိုးဧက ၁၃၆၁၁၆ ဧကရှိပြီး ယခင်နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် လျာထားစိုက်ပျိုးမယ့် ဧက တစ်ထောင်နီးပါးပိုလာတာလည်းဖြစ်ပါတယ်။ 

ဒါ့ပြင်စပါးစိုက်တောင်သူများ တစ်ဧကလျှင် စပါးတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်တွေကို ကူညီပေးနေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနဘက်က ပြောဆိုပါတယ်။ 

“ စိုက်ပျိုးရေးကတော့ ကျွန်တော်တို့ဘက်ကို တစ်ခါမှမလာဘူး။ ကျွန်တော်တို့ရွာဘက်ကိုတော့ တစ်ခါမှမလာဖူးဘူး။ ကျွန်တော်တို့ အနီးအနားရွာဘက်ကိုလည်း လာတယ်လို့ တစ်ခါမှ မကြားမိဘူးနော့် “ လို့ အင်းတော်ကြီး အင်းမြှီးဒေသက တောင်သူတစ်ဦးက ပြောပြပါတယ်။ 

လက်ရှိ မိုးညှင်းမြို့နယ်အတွင်းမှာ ဆင်းဧကရီ-၃ ( ဒေသအခေါ် ဆင်း-၃)  စပါးအမျိုးအစားကို အဓိကစိုက်ပျိုးပြီး တစ်ဧက  တင်း ၇၀ မှ ၈၀ အထိသာ ထွက်ရှိတယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စိုက်ပျိုးရေးဝန်ထမ်းများက ဒေသအတွင်း လာရောက်မှုနည်းပါးသွားပြီး နည်းပညာဖြန့်ဝေမှုအပိုင်းများကို မတွေ့ရကြောင်း တောင်သူတွေက ပြောဆိုနေကြပါတယ်။ 

မိုးညှင်းမြို့နယ်မှာ ၂၀၁၉ ခုနှစ် နဲ့ ၂၀၂၃ ခုနှိုင်းယှဉ်မယ်ဆိုရင် စပါးစိုက်ပျိုးဧက  နှစ်ထောင်နီးပါး ပိုတိုးစိုက်ပျိုးလာပြီး အထွက်နှုန်းအနေဖြင့်လည်း ၁၀ သန်းနီးပါးရှိနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *