
ဇူလိုင် ၁၀ ၊ မိုးညှင်း
မိုးညှင်းမြို့နယ်ရှိ မိုးညှင်းမြို့ ၊ ဟိုပင်မြို့၊ အင်းတော်ကြီးဒေသတွေမှာ အင်တာနက်လိုင်းများနှင့် Mytel ဝိုင်ဖိုင်များ ဇူလိုင်လ ၁၀ရက်နေ့ မနက်ပိုင်းအချိန်မှစ၍ ပြတ်တောက်နေသည်ဟု ဒေသခံများထံမှ သိရပါတယ်။
“ ဝိုင်ဖိုင်ကမနက်ကတည်းနဲ့အိပ်ယာထကတည်းနဲ့မရဘူး Mytel ပဲထင်တယ်အိမ်မှာကတော့ Mytel လေအင်တာနက်လိုင်းလဲပျက်သေးတယ်တယ်လီနောကော Mytel ကောဖုန်းလိုင်းပါအင်တာနက်လိုင်းပါ” ဟုမိုးညှင်းမြို့ခံတစ်ဦးကပြောပြပါတယ်။
ဝိုင်ဖိုင်လိုင်း ပြတ်တောက်မှုက Mytel အော်ပရေတာတစ်ခုတည်းသာဖြစ်ပြီး Mpt ဝိုင်ဖိုင်များက ပြတ်တောက်ခြင်းမရှိကြောင်း သိရပါတယ်။
တစ်ခြားသောအော်ပရေတာများက ဝိုင်ဖိုင်လိုင်းများ ပြတ်တောက်မှုမရှိသော်လည်း မနက်ပိုင်းအချိန်တွင် အော်ပရေတာအားလုံး ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်များ ပြတ်တောက်သွားခဲ့ပြီး နေ့လည်ပိုင်းအချိန်ထိ အဆက်အသွယ်ကောင်းမွန်စွာ မရရှိသေးဘူးဟု ဒေသခံများက ပြောဆိုနေကြပါတယ်။
“အခုက ဖုန်းလိုင်းလဲမကောင်းသေးဘူး ဖုန်းလဲဆက်လို့မရဘူး အေ့လို မနက်ကဆို Mytel လည်းမရဘူး ဘာကဒ်တစ်ခုမှမရဘူးဆို’ ဟု အဆက်အသွယ် ကောင်းမွန်စွာမရရှိသေးကြောင်းကို မိုးညှင်းဒေသခံတစ်ဦးက ဆိုပါတယ်။
ယခုလို အင်တာနက်နှင့် ဝိုင်ဖိုင်လိုင်းများ ပြတ်တောက်နေရခြင်းအကြောင်းအရင်းကို စုံစမ်းမေးမြန်းနေဆဲဖြစ်ကာ မသိရှိရသေးပါဘူး။