မိုးညှင်းမြို့နယ်  ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဒေါ်သက်ထားနှောင်း  နှင့်ကိုမျိုးကျော်တို့ကိုထောင်ဒဏ်ချမှတ် 

ဖမ်းဆီးထောင်ချခံရသည့် မိုးညှင်းမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် (၂) ဦး

မတ် ၃၁ ၊ မိုးညှင်း 

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ကြတဲ့   မိုးညှင်းမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်သက်ထားနှောင်းနှင့် ကိုမျိုးကျော်တို့ကို စစ်ကောင်စီက ထောင်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

မိုးညှင်းမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက မြစ်ကြီးနားခရိုင်တရားရုံးမှာ မတ်လ ၃၀ ရက်နေ့က ထောင်ဒဏ် (၁၁)နှစ် ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။

“သူက ၅၀ (ည) ပြန်တိုးသွားတာလေ ၅၀ (ည) က (၁၀)နှစ်ကြီးကို၊ ၅၀၅ (ခ)နဲ့ တပေါင်းတည်းကျခံတာမို့လို့ အဲ့လိုဖြစ်သွားတာလေ” လို့ ဒေါ်သက်ထားနှောင်းနဲ့ နီးစပ်သူ တစ်ဦးကပြောပြပါတယ်။

အများပြည်သူ၏ အကျိုးပျက်စီးစေသော ရာဇသတ်ကြီးပုဒ်မ ၅၀၉ (ခ) နဲ့ ၂၀၂၂ မေလ ၂၆ ရက်နေ့မှာ မြစ်ကြီးနား မြို့နယ် တရားရုံးကနေ ထောင်ဒဏ် (၁) ချမှတ်ခဲ့ပြီး အကြမ်းတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အတွက် ထောင်ဒဏ် (၁၀)နှစ် စုစုပေါင်း (၁၁) ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒေါ်သက်ထားနှောင်းဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ ၄ရက်နေ့ နမ္မားမြို့ အောင်မင်္ဂလာရပ်ကွက်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် (၁)နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး စစ်ကောင်စီက အခုလို့ ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နောက်တစ်ဦးဖြစ်တဲ့  ဦးမျိုးကျော်ကိုလည်း မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်မှာ  ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ  NUG ရဲ့ ငွေတိုက်စာချုပ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။ 

ကိုမျိုးကျော်ကို မြစ်ကြီးနားမြို့နယ်တရားရုံးမှာ အကြမ်းဖက်လုပ်ငန်းမှာ ပါဝင်ရန်တိုက်တွန်းခြင်း  ပုဒ်မဖြစ်တဲ့ ပုဒ်မ ၅၂(က)ထောင်ဒဏ် (၇) နှစ်ချမှတ်ခံလိုက်ရတာဖြစ်တယ်လို့ သူ့နဲ့ စီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ 

အာဏာသိမ်းပြီးနောက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လွတ်တော်ကိုယ်စားလှယ်  ၉၀ ဦးဖမ်းဆီးခံရထားသလို ပါတီဝင် ၁၁၆၉ ဦးရှိတယ်လို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *