မိုးညှင်းမြို့ပေါ်နှင့်အနီးတဝိုက်ပစ်ခတ်မှုများရှိနေသလို   စစ်ကောင်စီကလုံခြုံရေးတိုးမြင့်ထား 

ဇူလိုင် ၂၅ ၊ မိုးညှင်း 

မိုးညှင်းမြို့ပေါ် ရပ်ကွက်တချို့မှာ ဇူလိုင်လ ၂၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်မှာ ပစ်ခတ်သံတွေကြားရပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြင့်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ ည ၁၀ နာရီ  ၁၉ မိနစ် ဝန်းကျင်မှာ ပစ်ခတ်သံတွေကြားရတယ်။  ရွာသစ်ကုန်းရပ်ကွက် စာသင်ကျောင်းနားလေးပဲ” လို့ ဖြစ်စဉ်အနီး ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဇူလိုင် ၂၄ ရက် နေ့လည်ပိုင်းမှာလည်း မြို့တွင်းမှာ စစ်ကားများဖြင့် ကင်းပုန်းချထားတာ ၊ လှည့်လည်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဇူလိုင်လ ၂၃ ရက်နေ့တွင် မိုးညှင်းအခြေစိုက် KPDF က မိုးညှင်းတက္ကသိုလ် နှင့် ထန်းတပင်ကျေးရွာအနီး ရောက်ရှိကင်းလှည့်ခဲ့တဲ့ ရုပ်သံတစ်ခု ထုတ်လွင့်ပြီးတဲ့နောက် နာရီပိုင်းအကြာမှာပဲ  စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ 

မိုးညှင်းမြို့ အရှေ့မြောက်ဘက် KPDF စခန်းရှိနိုင်မယ့် နေရာတွေကို မှန်းဆပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတွေက မှတ်ချက်ပြုပြောဆိုကြပါတယ်။ 

မိုညှင်းမြို့နယ်တစ်ခုလုံး  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်တစ်ရပ်ကို ပြီးခဲ့တဲ့  ဇွန်လ ၈ ရက်နေ့မှာ မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  ထုတ်ပြန်လိုက်ထားတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *