မိုးညှင်းမြို့မှ Covid-19 ရောဂါပိုးကူးစက်လူနာအမှတ် ၁၄၄ နှင့် ထိစပ်ခဲ့သည့် ကျန်းမာရေးဆရာမများကို နေအိမ်တွင် ဧပြီလ ၂၅ ရက်နေ့မှ စတင်ကန့်သတ်ထားလိုက်ပါတယ်။
မိုးညှင်းမြို့နယ် ဘီလူးမြို့ကျေးရွာမှ သားဖွားကျန်းမာရေးဆရာမတစ်ဦး ကြီးကြပ် တစ်ဦး နှင့် အကူတစ်ဦးတို့ကို နေအိမ်မှ ကန့်သတ်ထားခြင်းဖြစ်ပါတယ်။
ထိုသားဖွားဆရာမသွားလာမှုရှိခဲ့သည့် မိုးညှင်းမြို့ပေါ်ရှိ နေအိမ်များကိုလည်း Home quaratine ပြုလုပ်ထားပြီဖြစ်ပါတယ် ။
မြန်မာနိုင်ငံမှာ ကူးစက်လူနာ ၁၄၆ ဦးရှိလာပြီဖြစ်ပြီး ၁၀ ဦးပြန်လာကျန်းမာလာကာ ၅ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။