မိုးညှင်းမြို့လောက်စာတောင်အနီးအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံထားရသည့်အလောင်းတွေ့ 

ဇူလိုင် ၇ ၊ မိုးညှင်း 

မိုးညှင်းမြို့ လောက်စာတောင်အနီးမှာ အသတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတစ်ခုကို ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

အသတ်ခံရသူဟာ မိုးညှင်းမြို့ ရွာသစ်ကုန်းရပ်နေ မထိုက်ထိုက်အေး ဖြစ်ပြီး အိမ်ဝင်းလိုက်ပြပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ဓားဖြင့်လုပ်ကြံ အသတ်ခံရခြင်းဖြစ်ကြောင်း မိုးညှင်းမြို့ အုပ်ချုပ်ရေးနှင့်နီးစပ်သူတွေဆီကနေ သိရပါတယ်။​

“ နာမည်က ထိုက်ထိုက်အေးတဲ့  နေရပ်ကတော့ ရွာသစ်ကုန်းကပဲ ၊ ဆိုင်ကယ်နဲ့ ဖုန်းတော့မယူသွားတာ ဘာမှမယူသွားဘူး” လို့ အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ 

၎င်းနှင့်အတူ ပါသွားသည့်  (၃) နှစ်အရွယ်ကလေးကို  အသက်ရှင်လျက်လောက်စာတောင်အနီး  မြို့ရှောင်လမ်းမပေါ်တွင် ပစ်ထားခဲ့ကြောင်း သိရပါတယ်။ 

မထိုက်ထိုက်အေးကို လုပ်ကြံသတ်ဖြတ်သွားသူတွေကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။ 

လောင်စာတောင်အနီးမှာ အမျိုးသမီးများ ယခင်က ဓားထိုးခံရမှုများ၊ သတ်ဖြတ်ခံရမှုများဖြစ်ပွားခဲ့ဖူးပြီး တရားခံတွေကိုတော့ ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *