မုံရွာကနေဟုမ္မလင်းကိုပို့မည့်၁ဘီလီယံတန်ဖိုးရှိတဲ့မူးယစ်ဆေးဝါးဖမ်းဆီးရမိ 

ဇွန်၂၀မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေ  ဟုမ္မလင်းမြို့ကို ပို့ဆောင်မယ့် ဒေသကာလတန်ဖိုး ကျပ် ၁ ဘီလီယံရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတယ်လို့ မူးယစ်အထူးရဲတပ်ဖွဲ့ CCDAC က သတင်းထုတ်ပြန်ပါတယ်။ 

ဇွန်လ ၁၄ ရက်နေ့ ညနေ (၃)နာရီအချိန်က မုံရွာမြို့ ရုံးကြီးရပ်ကွက် ကမ်းနားလမ်း အမြန်ရေယာဉ် ဆိပ်အနီးမှာ ယာဉ်မောင် ဇော်မျိုးဝင်း(ခ) ဖိုးပြား နဲ့ နောင်နောင် (ခ)  မြင့်နောင် လိုက်ပါလာတဲ့ ဆူဇဂီကားကို ရှာဖွေရာ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလိုသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

ဒီဘိန်းဖြူတွေရဲ့ ဒေသကာလတန်ဖိုးက ကျပ်တစ်ဘီလီယံတန်ဖိုးရှိတယ်လို့လည်း ဆိုထားပါတယ်။ 

ဟုမ္မလင်းမြို့က ရွှေမှော်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ ရောင်းဝယ်မှုတွေက လျှော့ကျသွားတာမရှိသေးပဲ အသက်ငယ်ရွယ်သူတွေကပါ သုံးစွဲနေတယ်လို့ သူတို့မိဘတွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

ဇွန်လ ဒုတိယတစ်ပတ်အတွင်းမှာ မူးယစ်ထူးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုအရ တစ်နိုင်ငံအတိုင်းအတာနဲ့ ကျပ် ၃ ဘီလီယံနီးပါး ဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *