ဇန်နဝါရီ ၂၅ ၊ မူဆယ်
တရုတ်-မြန်မာနယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် နယ်စပ်ဖြတ်ကျော်သွားလာဖို့ စာအုပ်ကို မူဆယ်၊ နမ့်ခမ်းမြို့နယ်အတွင်း အိမ်ထောင်စုဇယားရှိသူတွေကို ကနဦးလုပ်ပေးနေတယ်လို့ မူဆယ်ဒေသခံတွေဆီကနေသိရပါတယ်။
“ မူဆယ်-ရွှေလီဝင်ထွက်ခွင့်စာအုပ်အနီကို ယာဉ်မောင်းတွေပေါ့လေ မူဆယ်နမ့်ခမ်းအိမ်ထောင်စုရှိတဲ့သူတွေကို လုပ်ပေးတယ်။ အလည်အပတ်အရောင်းအဝယ်သွားဖို့ကတော့ အခုချိန်ထိ ခွင့်မပြုသေးဘူး” လို့ မူဆယ်ဒေသခံတစ်ဦးက စာဖြင့်ရေးသားပြောဆိုခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်ဖို့အတွက် ယာဉ်မောင်းတွေကို ဇန်နဝါရီ ၁၅ ရက်နေ့က စတင်လုပ်ပေးခဲ့ပြီး ဒေသခံများအတွက်ကို ဇန်နဝါရီ ၂၅ ရက်နေ့မှာ စတင်လုပ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မှတ်ပုံတင် နံပါတ်ကုဒ်ဖြစ်တဲ့ ၁၃/ နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ နေထိုင်သူတွေကိုအဓိကထားပြီး လူဝင်မှုကြီးကြပ်ရေး(လဝက) က လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။
တရုတ်-မြန်မာနယ်စပ်ဂိတ်တွေပြန်ဖွင့်ပြီဆိုသောကြောင့် လုပ်ငန်းလုပ်ကိုင်ချင်သူတချို့ မူဆယ်မြို့ကိုရောက်ရှိပြီးမှ နယ်စပ်ဖြတ်ကျော်မှုသွားလာမှုတွေ ခွင့်မပြုပေးသောကြောင့် အခက်အခဲတွေဖြစ်တယ်လို့လည်း သိရပါတယ်။
“ စာအုပ်အနီကလည်း သာမှန်ဝင်ထွက်ခွင့်အတွက်လုပ်လို့်မရေသေးဘူး၊ စာအုပ်အနီတစ်အုပ်လုပ်ခပေါက်စျေးလည်းမရှိဘူး “ စာအုပ်လုပ်ပေးမယ့် ပွဲစားတွေရဲ့ စကားကြောင့် မူဆယ်ရောက်လာသူတစ်ဦးက ပြောပြပါတယ်။
တရုတ်-မြန်မာနယ်စပ် မူဆယ်-ရွှေလီဂိတ်ကို တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းက ပိတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။