မံစီမြို့နယ် ရဲစခန်းတိုက်ခိုက်ခံရပြီး မြို့နယ်မှူး သေဆုံးပြီး စခန်းမှူး ဒဏ်ရာပြင်းထန်

မေ ၄ ၊ မံစီ 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် KIA တပ်များက မေလ (၃) ရက်နေ့ညတွင် ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ မြို့နယ်ရဲမှူး သေဆုံးပြီး စခန်းမှူးလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ 

“ မနေ့ညက မံစီရဲစခန်း တိုက်ခိုက်ခံရတယ်လို့ သိရတယ်။ မြို့နယ်မှူးက သေသွားပြီး ၊ စခန်းမှူးက အသည်းအသန်ဖြစ်နေတယ်” ဟု မြို့ခံ တစ်ဦးက ရှမ်းနီအသံကို သတင်းပေးပို့သည်။ 

KIA နှင့် စစ်ကောင်စီတပ်များက ဧပြီလအစပိုင်းကတည်းက ဗန်းမော်ခရိုင်တွင် တိုက်ပွဲများဖြစ်ပွား လာခဲ့ပြီး နှစ်ဖက်အကျအရှုံးများရှိခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *