မံအင်မင်းကုန်းကျေးရွာကသက်ကြီးပိုင်းအမျိုးသမီးနှစ်ဦးစစ်လက်ကျန်မိုင်းနှင်းမိလို့သေဆုံး

မေ ၁၈ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသ မံအင်မင်းကုန်းကျေးရွာတွင် သက်ကြီးပိုင်းအမျိုးသမီး နှစ်ဦး စစ်လက်ကျန်မိုင်း နင်းမိလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

မံအင်-မင်းကုန်းကျေးရွာက အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးတွေဟာ မေလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန်တွင် တောထဲတောင်ထဲ ဟင်းသီးဟင်းရွက်ခူးဖို့ သွားသည့်လမ်းမှာ မိုင်းနင်းမိလို့ အမျိုးသမီးကြီးနှစ်ဦး သေဆုံးခဲ့တာလည်းဖြစ်ကြောင်း သိရပါတယ်။ 

“စသွားတုန်းပဲ ရှိသေးတာဆိုတော့ ၁၀ နာရီ ဝန်းကျင်လောက်ပဲ ရှိဦးမယ်။ ဝုန်း ဆိုတဲ့အသံကို ကြားလိုက်တော့ ခဏနေလောက်တော့ သူများက လာပြောပြီလေ။ မင်းကုန်းရွာက မိုင်းကွဲလို့ ကားတင်ပြန်သွားတယ်။ တစ်ယောက်က သေသွားတယ်။ တစ်ယောက်က ဒဏ်ရာရသွားတော့ ဆေးရုံကို ပို့လိုက်တယ်ဆိုပြီးပြောတယ် ဒေါ်တင်မြကို။ ဒေါ်သိန်းကြည်ကတော့ မိုင်းကွဲတာနဲ့ တပြိုင်တည်း သေသွားတယ် ပြောတယ်။” လို့ မံအင်-မကျည်းကုန်းကျေးရွာသား တစ်ဦးက ပြောပြပါတယ်။ 

မိုင်းနင်းမိသူတွေထဲက ဒေါ်သိန်းကြည်ဆိုသူက မိုင်းကွဲပြီးပြီးချင်း သေဆုံးသွားခဲ့ပြီး ပြင်းထန်ဒဏ်ရာရခဲ့သည့်  ဒေါ်တင်မြကတော့ ဒီကနေ့ မေလ ၁၈ ရက်နေ့မှာမှ သေဆုံးသွားခဲ့တာလို့ ဒေသခံတစ်ဦးကထပ်ပြောပြပါတယ်။ 

“သူက ဒေါ်တင်မြလေ။ သူက ခြေထောက်ပြတ်သွားတော့ သွေးအထွက်လွန်ပြီး ဖြူဖွေးနေတာတဲ့ အဲ့လို သေသွားတာလို့ ပြောတယ်။” သူကဆိုပါတယ်။ 

မံအင်မကျည်းကုန်းကျေးရွာအနီးရှိတောတွေဟာ  KIA+PDF  ပူးပေါင်းတပ်တွေတွေဟာ ပြီးခဲ့တဲ့ (၆)လအတွင်း အထိုင်ချထားတဲ့နေရာဖြစ်ကြောင်း မံအင်-မကျည်းကုန်းကျေးရွာသားတွေကဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *