မြစ်ကြီးနားမြို့ပေါ်တိမ်းရှောင်လာသည့်စစ်ဘေးရှောင်များကိုပြည်တွင်းပြည်ပကရှမ်းနီလူငယ်နှင့်နိုင်ငံရေးပါတီများစုပေါင်းလှူဒါန်း

ဇွန် ၅ ၊​ မြစ်ကြီးနား 

မြစ်ကြီးနားမြို့ မြင့်ငြိမ်းအေးကျောင်းတိုက်နှင့် ဇီးကျွန်းကျောင်းတိုက်ရှိ စစ်ဘေးရှောင်လာသူများကို  ပြည်တွင်းပြည်ပ ရှမ်းနီလူငယ်တွေအစုအဖွဲ့တစ်ခုဖြစ်တဲ့ နော်ထဲမ်ခေး(ꩫေႃထꧥမ်ꩼၷိူဝ်း)နှင့် ကျားနီပါတီ အဖွဲ့မှစုပေါင်း မြန်မာကျပ်ငွေ(38)ကျပ်သိန်း ဝန်းကျင်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို ဇွန်လ ၅ ရက်နေ့မှာ သွားရောက် လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ 

“ နော်ထဲမ်ခေး ၃၅သိန်းကျော်၊ ကျားနီပါတီက ၂ သိန်း ၊  အောင်ချမ်းသာ အိမ်ထောင်စု(၃၈)စု လူဦး ၊ ၁၁၃ ယောက် အတွက်တော့ ဆန်၊ မုန့်ညှင်းဆီ ၊ မုန့် ငွေ ၅ သိန်းလူဒါန်းခဲ့တယ်” လို့ ကျားနီပါတီဝင်တစ်ဦးက ပြောပြပါတယ်။

မြင့်ငြိမ်းအေးကျောင်းတိုက်မှာ ဝိုင်းမော်မြို့နယ် အင်းလေး၊ နောင်စီပေါ ကျေးရွာများမှ ဒေသခံများအပါအဝင် ပြည်နယ်သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်ကြီးတွေပါ စစ်ဘေးတိမ်းရှောင်ခဲ့တာဖြစ်တယ်လို့  စစ်ဘေးရှောင်ကို သွားရောက်ကူညီပေးခဲ့တဲ့ နော်ထဲမ်ခေး(ꩫေႃထꧥမ်ꩼၷိူဝ်း) အဖွဲ့ဝင်တစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

စစ်ဘေးရှောင် အိမ်ထောင်စု ( ၉၁ )စု ၊ စစ်ရှောင်ဦးရေ ၅၀၄ ဦးစာအတွက် ကူညီပေးနိုင်ခဲ့ပြီး လက်ရှိစစ်ဘေးရှောင်ကလေးများ ကျောင်းဖွင့်စအချိန်မှာ ကျောင်းတက်ပြီး ပညာဆက်လက်သင်ယူခွင့်အတွက် လိုအပ်မှုတွေ ရှိနေသေးတယ်လို့လဲသိရပါတယ်။

မြင့်ငြိမ်းအေးကျောင်းတိုက်စစ်ရှောင်တွေထဲမှာ  တိုင်းလေ(တႆးလိူဝ်ꩼ ) ရှမ်းတွေ အများဆုံးရှိနေပြီး တိုက်ပွဲအခြေအနေတွေကြောင့်  သုံးနေရာထိ ပြောင်းရွှေ့စစ်ရှောင်ခဲ့ကြရကာ  အလယ်ကုန်းအုပ်စု နယ်မြေ ၁၁ ဇီးကျွန်းအောင်ချမ်းသာကျောင်းတိုက်မှာတော့ တာလောကြီးတိုက်နယ် ၊ စံကင်းကျေးရွာဘက်မှ စစ်ဘေးရှောင်တွေ ရှိနေတာလဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်မှာ ပြီးခဲ့တဲ့မေလက စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့ပေါ်ကို  တိမ်းရှောင်လာကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *