မြစ်ကြီးနားမြို့မှာ  ပြင်းအား  4 အဆင့်ကျော်တဲ့   ငလျင်လှုပ်ခတ်ခဲ့ 

ဒီဇင်ဘာ ၂၆၊ မြစ်ကြီးနား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ရစ်ချက်တာစကေး ၄.၃ အင်အားအတင့်အသင့်ရှိတဲ့ ငလျင်တစ်ခု မနေ့ည ဒီဇင်ဘာ (၂၅)ရက်မှာ လှုပ်ခတ်ခဲ့တယ်လို့ မြို့ပေါ်ဒေသခံများထံမှ သိရပါတယ်။

လှုပ်သွားတယ်ဟုတ်တယ် ည ၉ နာရီ ၅၀မိနစ် မှာလှုပ်သွားတာ အိမ်တောင်ခါသွားတာပဲ ခေါင်းတောင်မူးသွား တယ် တော်တော်ဆိုးတယ်” လို့ မြစ်ကြီးနားမြို့ပေါ် ဒေသခံတစ်ဦးက ဆိုပါတယ်။

ယခု လှုပ်ခတ်သွားသော ရစ်ချက်တာစကေး  4.3 အဆင့်ရှိတဲ့ ငလျင်ဟာ အိန္ဒိယငလျင်ဌာန( NCS ) တိုင်းတာချက်များအရ မြစ်ကြီးနား မြို့ရဲ့  အရှေ့ဘက် မြန်မာ-တရုတ်နယ်စပ်မှာ ဗဟိုပြုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြန်လည်ဆောက်လုပ်ဖို့အတွက် ပြင်ဆင်နေတဲ့  မြစ်ဆုံစီမံကိန်း ပတ်ဝန်းကျင်နဲ့  ကီလိုမီတာအနည်းငယ်သာ ကွာဝေးပြီး Hightly Active (အလွန်တက်ကြွ) တဲ့ ငလျင်ဇုန်ဖြစ်လိမ့်မယ်လို့  ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တစ်နိုင်ငံလုံးမှာ ငလျင်လှုပ်ခတ်မှု  ရက်ဆက်ဖြစ်ပေါ်နေပြီး မြစ်ကြီးနားအပါအဝင် မြန်မာပြည် တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ရစ်ချက်တာစကေး  3.8  မက်ဂနီကျူ့  ၊ ကျိုင်းတုံ အရှေ့ပိုင်းမှာ  4.3 မက်ဂနီကျူ့ ၊ နေပြည်တော် နဲ့ တောင်ငူ အနီးတစ်ဝိုက်မှာ  4 မက်ဂနီကျူ့ တို့လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မတ်လကစပြီး ဒီဇင်ဘာလအထိ ငလျင်လှုပ်ခတ်မှုပေါင်း အကြိမ်ရေလေးရာဝန်းကျင်ခန့်ရှိနေကြောင်း  ငလျင်စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများက ဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *