မြစ်ကြီးနားလေဆိပ်ထဲ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ခရီးစဉ်တွေရပ်နားထားရ

ဖေဖော်ဝါရီ (၁၃) ၊ မြစ်ကြီးနား 

မြစ်ကြီးနားလေဆိပ်အနီးကို (KIA) ပူးပေါင်းတပ်တွေက (FPV Sucide Drone) တွေနဲ့ မနေ့က ဖေဖော်ဝါရီ (၁၂) ရက်နေ့ ညနေပိုင်းမှာတိုက်ခိုက်ခဲ့ပြီးနောက် လေကြောင်းခရီးစဉ်တွေအားလုံးရပ်နားထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လေဆိပ်ကို  တောဘက်(KIA) ကဒရုန်းတွေနဲ့တိုက်ခဲ့တာ၊ မြစ်ကြီးနားကို ဝင်ဆောင့်တော့မယ်ထင်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတာတစ်ညလုံး” လို့ မြစ်ကြီးနား ဒေသခံတစ်ဦးကပြောပါတယ်။ 

 FPV Sucide Drone တွေဟာ မြစ်ကြီးနားလေဆိပ် ပြေးလမ်းအနီးနဲ့အဆောက်အဦးတချို့ကို ထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 

လေဆိပ်ကို ဝင်ရောက်တိုက်ခိုက်တဲ့ Drone တွေကိုဟန့်ထားနိုင်ခဲ့ပြီး လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲမှုတွေ မရှိခဲ့ဘဲ လေယာဉ်ပြေးလမ်း နဲ့အနီးဝင်းကျင်မှာ ပျက်ကျခဲ့ပြီးနောက် Drone တွေကိုလည်း သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့တယ်လို့ မနေ့ညမှာ စစ်တပ်က ထုတ်ပြန်ထားပါတယ်။ 

လေဆိပ်တိုက်ခိုက်ခံရမှုကြောင့် လေယာဉ်ခရီီးစဉ်တွေအားလုံးရပ်နားထားပြီး ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

မြစ်ကြီးနားမြို့မှာ စစ်တပ်အသုံးပြုနေတဲ့ နမ့်ပေါင်လေဆိပ် နဲ့ အရပ်သားတွေအသုံးပြုတဲ့ မြစ်ကြီးနားလေဆိပ် နှစ်ခုရှိပြီး ဒီနှစ်ခုလုံးဟာလည်း (၂၀၂၄) ခုနှစ်စလို့ မကြာခဏ တိုက်ခိုက်ခံရမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

မနေ့ည တစ်နာရီဝန်းကျင်အချိန်မှာလည်း မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့ဘက်ကို လက်နက်ကြီးတွေနဲ့ သုံးကြိမ်ပစ်ခတ်မှုရှိခဲ့တာလည်းဖြစ်ပါတယ်။ 

KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းမော်မြို့နယ်ရှိ လခရ (၅၈) တပ်စခန်းတွေရဲ့ ကာကင်းတွေကို တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *