မြန်မာစစ်တပ်အတွက်  ပြည်တွင်းပြည်ပကုမ္ပဏီ၁၁၆ခုကလက်နက်ပွဲစားပြုလုပ်ပေးနေ

မြန်မာနိုင်ငံနဲ့ စင်္ကာပူနိုင်ငံက ကုမ္ပဏီ ၁၁၆ ခုနဲ့ ဒါရိုက်တာအဖွဲ့ဝင် ၂၆၂ ဦးတို့က မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားအဖြစ်ဆောင်ရွက်ပေးနေတယ်လို့ Justic for Myanmar အဖွဲ့က ဩဂုတ်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

ဒီကုမ္ပဏီတွေထဲမှာ မြန်မာနိုင်ငံက ကုမ္ပဏီ ၇၈ ခုနဲ့  စင်္ကာပူအခြေစိုက်ကုမ္ပဏီ အနည်းဆုံး ၃၈ ခု လက်နက်ရရှိရေး ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။ 

အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအတွက် လက်နက်ပွဲစားလုပ်ပေးနေတဲ့ ကုမ္ပဏီ ၃၁ ခုနဲ့  ဒါရိုက်တာ ၇၁ ဦးထိတိုးလာကာ မြန်မာစစ်တက်အတွက်လိုအပ်တဲ့ လက်နက်ခဲယမ်းရရှိဖို့အတွက်ဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ 

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “အခုအချိန်အထိ စစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတချို့ကိုပဲ ဒဏ်ခတ်အရေးယူထားပါတယ်။ အများစုသည် လွတ်လွတ်လပ်လပ် ဆက်လက်လုပ်ကိုင်နေကြပါတယ်။။ ဒါကို လက်မခံနိုင်ဘူး” လို့ဆိုပါတယ်။

စစ်တပ်ဆီကို လက်နက်စီးဆင်းမှုကို ရပ်တန့်စေရန်အတွက် နိုင်ငံတကာမှ လက်နက်ပွဲစားများနှင့် ၎င်းတို့၏ ဒါရိုက်တာများနှင့် အစုရှယ်ယာရှင်များအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။ 

မြန်မာစစ်တပ်အား လက်နက်နှင့် ကိရိယာများ ထောက်ပံ့ရေး အတွက် စင်္ကာပူအစိုးရရဲ့  ဘဏ်များနဲ့  ဆိပ်ကမ်းများ အပါအဝင် ၎င်း၏ ပိုင်နက်နယ်မြေ အသုံးပြုမှုကို တားမြစ်ရန် စင်္ကာပူကို ချက်ချင်း ပိတ်ဆို့ အရေးယူရန် ကျွန်ုပ်တို့ တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *