မြန်မာနယ်စပ်ဒေသများတွင်း  ဆက်သွယ်လိမ်လည်မှုများပြားနေဆဲဖြစ်ပြီး   အကျိုးစီးပွားဆိုးရွာစွာထိခိုက်နေတယ်လို့ဆိုတရုတ်သံမတ်ဆို 

ဇူလိုင် ၂၆ ၊ နေပြည်တော် 

မြန်မာနိုင်ငံမြောက်ပိုင်းဒေသနှင့် နယ်စပ်ဒေသတွေမှာ ဆက်သယ်လိမ်လည်မှုတွေဟာ ဆက်လက်များပြားနေဆဲဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံလုံးရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေ  ဆိုးရွားစွာ ထိခိုက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချမ်းဟိုင်က ပြောပါတယ်။ 

နေပြည်တော်မှာ ဇူလိုင်လ ၂၅ ရက်က  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနဦးသန်းဆွေတို့ တွေ့ဆုံခဲ့ချိန်မှာပြောကြားခဲ့တာလို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ 

တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံနယ်စပ်ဒေသမှာ ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ခဲ့ပေမယ့်လည်း  မြန်မာနိုင်ငံမြောက်ပိုင်း နဲ့ နယ်စပ်ဒေသတွေမှာ ဒီလိုလိမ်လည်မှုတွေဟာ များပြားနေဆဲဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်က ဆိုပါတယ်။ 

ဆက်သွယ်ရေးလိမ်လည်မှုတွေ ခိုအောင်းနိုင်တဲ့နေရာတွေကို နှိမ်နင်းတိုက်ဖျက်ပြီး ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်တာ ၊  လိမ်လည်မှုတွေနဲ့ အွန်လိုင်းလောင်းကစားတွေကို အမြစ်ဖြတ်ပစ်ရမှာဖြစ်တယ်လို့ တရုတ်သံအမတ်ကပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၁၉ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ လေးနှစ်တာအတွင်း အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုပေါင်း (၅၂၆)မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဘက်က ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။ 

  မြန်မာနိုင်ငံမှာ အများဆုံးလိမ်လည်မှု တွင်တွင်ကျယ်ကျယ်ပြုလုပ်နေတဲ့ လုပ်ငန်းက  အွန်လိုင်းလောင်းကစားများဖြစ်ကာ မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်မှာ လုပ်ကိုင်နေကြတယ်လို့ သွားရောက်လုပ်ကိုင်သူတွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *